38

376 28 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၃၈ တယောက်ယောက်၏ဓါးကိုငှား၍သတ်ဖို့အကြံ

လင်မိသားစုထဲတွင်အရာရာကပြောင်းကပြန်ဖြစ်နေသည်။
“ဘာ။ နောက်ထပ်ကျရှုံးတယ်ဟုတ်လား”
ဒုခေါင်းဆောင်ကသတင်းကိုချင်ယန်မြို့မှရလေသည်။ စားပွဲမှဒေါသတကြီးထလိုက်ရာမတော်တဆထိုစားပွဲပေါ်မှလက်ဖက်ရည်ခွက်ကျကွဲလေသည်။
“ဒါဖြစ်နိုင်ပါ့မလား။ လုပ်ကြံသူတွေဒီလောက်အစွမ်းရှိတာ။ လင်မိုထက်အများကြီးသာတဲ့လူတွေ။ သူတို့ဘာလို့ရှုံးရတာလဲ။ တယောက်ယောက်ကဒီကလေးကိုကူညီနေသလား”
ဒုခေါင်းဆောင်တွေဝေသွားသည်။ သို့သော်ရုတ်တရက်မျိုးနွယ်ခေါင်းဆောင်ကသူ့ကိုအခေါ်လွှတ်လိုက်သည်။
“ခေါင်းဆောင်ကဘာလို့ငါ့ကိုခေါ်လဲပြောလိုက်သေးလား”
လင်မိုကိုလုပ်ကြံမှုကျရှုံးလို့လား။
ကံမ‌ကောင်းစွာပင် အစေခံကခေါင်းရမ်းပြသည်။ သူမသိ။
“ခေါင်းဆောင်ကတွေ့ချင်ကြောင်းဘဲပြောပါတယ်”
တံခါးသို့ရောက်မဆိုက်ပင် အစွမ်းကြီးသောအရာသည်တဟုန်ထိုးဖြတ်သွားသည်။ သူအသက်ရှူပင်ခက်သွားသည်။ ဒုခေါင်းဆောင်လည်းမသိစိတ်ဖြင့်ဘေးသို့ရှောင်မိလိုက်သည်။ ထိုမျှအားကြီးသောအစွမ်းကိုသူမရင်ဆိုင်နိုင်။
သူ့ပခုံးတဖက်သည်အင်မတန်ကြီးသောလက်ကြီးဖြင့်ဖိခံလိုက်ရသည့်ပမာ။ သူညည်းညူမိ၍မျက်နှာလည်းဖြူဖတ်ဖြူရော်ဖြစ်လာသည်။ ရုတ်တရက်ကြမ်းပေါ်ဒူးထောက်လိုက်ရသည်။
“ခေါင်းဆောင် စိတ်အေးအေးထားပါ။ ကျွန်တော့ဘာများမှားလို့ပါလဲ”
ခေါင်းဆောင်ကအသံသြသြကြီးဖြင့်ပြောသည်”မင်းကမေးရဲသေးတယ်ပေါ့။ လင်မိုကိုဘာလို့လုပ်ကြံဖို့ကြိုးစားရတာလဲ”
သူ၏နှလုံးခုန်နှုန်းတို့မမှန်တော့ပေ။ သူ၏အမှားသည်ပေါက်ကြားလေပြီ။
လင်မိုသာသေခဲ့လျှင် သက်သေရှိမည်မဟုတ်။ ထို့ကြောင့်ထိုကိစ္စပေါက်ကြားလျှင်လည်းကိစ္စမရှိ။ အများဆုံးပြစ်ဒဏ်သေးသေးလေးသာရင်ဆိုင်ရဖို့ရှိလေသည်။
ဝမ်းနည်းစွာပင်လင်မိုအသက်ရှင်၍ သတင်းသည်ခေါင်းဆောင်ဆီပေါက်ကြားလေပြီ။ အရာအားလုံးကပြောင်းကပြန်ဖြစ်ကုန်လေပြီ။

ခေါင်းဆောင်ကဒုခေါင်းဆောင်ကိုစိုက်ကြည့်လိုက်သည်။ သူဘာတွေးနေသည်ကိုခေါင်းဆောင်သိ၍ဒေါသတကြီးနောက်ထပ်ရိုက်လိုက်ပြန်သည်။
“ငါတို့မျိုးနွယ်စုမှာတယောက်ကိုတယောက်သတ်ဖို့ခွင့်မပြုဘူး။ အဲဒီစည်းမျဥ်းချခဲ့တာကြာပြီ။ မင်းငါ့ကိုနည်းနည်းလေးမှမလေးစားဘူး။”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now