26

336 24 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အခန်း ၂၆
တော်ဝင်လေလံအိမ်

“ဘာဖြစ်တာလဲ”

ဝူကျင်း အလျင်စလိုပြေးထွက်လာသည်။ ကြောက်လန့်တကြားဖြင့်စီးလာရာဖိနပ်သည်ပင်ဘယ်ညာမမှန်ချေ။
ဓါးမြလူ၏အလောင်းကိုမြင်တော့မှအခြေအနေကိုနားလည်တော့သည်။ ရောက်မဆိုက်ဘဲမေးလိုက်သည်”ဘယ်သူလွှတ်လိုက်တာလဲ”
“မြောင်မိသားစု”
“တော်တော်ယုတ်မာတဲ့လူတွေဘဲ”
ဝူကျင်း ဒေါသအိုးပေါက်ကွဲတော့သည်။ ဓါးမြလူ၏ဝညာဥ်ကိုပြန်ခေါ်၍နောက်သခါသတ်ချင်နေမိသေးသည်။
မြေင်ဘက်ကဒီလိုလုပ်သည်ကိုလင်မိုမအံ့သြ။ သူတို့မကောင်းကြံနေသည်ကိုသည်ပြီဖြစ်၍ပို၍သတိထားလာသည်။
“ဘာဖြစ်ဖြစ်ရှေ့ဆက်သတိထားရတော့မယ်။ ဘာဖြစ်လာလာရင်ဆိုင်ကျော်ဖြတ်ရမှာဘဲ”
“ငါတို့ဘာလို့ငြိမ်ခံနေမလဲ”
ဓါးမြလည်းသေပြီဖြစ်၍လင်မိုတွင်သက်သေမရှိတော့။ မြောင်ဘက်ကလည်းလက်ခံမည်မဟုတ်။ ထို့ပြင်သူတို့နဲ့ကအင်အားချင်းကွာသည်။ သူကခုမှလူသစ်ဖြစ်သည်။ သူတို့နဲ့ယှဥ်ပြိုင်၍မရသေး။

လင်မိုကဝူကျင်းကိုပုခုံးပုတ်၍နှစ်သိမ့်ပေးသည်။
“သည်းခံရမှာဘဲ အဲလိုမှမဟုတ်ရင်ငါတို့အစီအစဥ်တွေရှုပ်သွားလိမ့်မယ်။ နောက်ဆိုငါတို့ပြန်ချေပဖို့အခွင့်အရေးတွေရလာလိမ့်မယ်”

လင်မိုနှင့်ဝူကျင်းဆက်၍မအိပ်ပျော်တော့။ ထို့ကြောင့်ဝူကျင်းထအဝတ်အစားလှဲ၍လမ်းလျှောက်ထွက်ခဲ့လေတော့သည်။ မြောမိသားစု၏အတွင်းရေးကိုသေချာစုံစမ်းချင်သေးသည်။

သို့သော်မျှော်လင့်သည့်တိုင်းဖြစ်မလာ။
“တော်ဝင်လေလံပွဲကဒီညကျင်းမယ့်ပုံဘဲ”
ခါတိုင်းဆိုလေလံပွဲအတွက်အချိန်ကိုကြိုတင်သတ်မှတ်လျက်ရှိသည်။ ယခုလိုလုပ်ခြင်းသည်လင်မိုကိုအကြောမပေးချင်၍ဖြစ်နိုင်သည်။ ထို့ကြောင့်ဆိုင်းမဆင့်ဗုံမဆင့်ချက်ချင်းလုပ်လိုက်ခြင်းဖြစ်နိုင်သည်။

လင်မိုသည်သူကိုယ်တိုင်လေလံပွဲများကိုကျင်းပခဲ့သော်လည်းအခြားပွဲများကိုကြည့်ဖူးခြင်းမရှိ။ ထို့ကြောင့်ယခုပွဲသည်သူ့အတွက်ဧရာမအခွင့်အရေးကြီးဖြစ်လေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now