55

296 19 0
                                    

အပိုင်း ၅၅ မြောင်မိသားစု၏ဥပဒေဘက်တော်သားများကိုဆန့်ကျင်ခြင်း၊ တိမ်တိုက်ချိုးဖျက်ဓါးသိုင်းသည်ဧကန်အမှန်စွမ်းအားကြီးလေသည်။

သူစကားပြီးဆုံးသည်နဲ့ သူတို့ထဲမှအချို့လူများသည် အံ့သြထိတ်လန့်သွားကြလေသည်။ ထို့နောက် ဥပဒေဘက်တော်သားသည်ခက်ထန်ကြမ်းကြုတ်သောမျက်လုံးများဖြင့်မေးလိုက်သည်။
“မင်းဘယ်သူလဲ”
“ငါလင်မိုဘဲ”
ထိုနာမည်ကိုသူတို့မသိချင်မှအဆုံးပင်။ မည်သို့ဆိုစေ သူ၏ရည်ရွယ်ချက်သည် မြောင်ရန်ကိုထိတ်လန့်တုန်လှုပ်သွားစေရန်ဖြစ်လေသည်။ မြောင်ရန်သည်သူ့ကိုအသည်းစွဲအောင်မုန်းလေသည်။ လင်မိုကိုအစိမ်းစားချင်ရလောက်အောင်ပင်မုန်းတီးလေသည်။
“အော်မင်းကလင်မိုကိုး “
သူတို့သည်တယောက်ကိုတယောက်ကြည့်၍ သတ်ချင်စိတ်ပင်ပေါက်နေကြသည်။
“ဒီလိုဆိုလည်းဒီသစ္စာဖောက်နဲံအတုနေလိုက်ပေါ့။ ငါတို့မြောင်မိသားစုကိုရန်စသူဘယ်သူမဆိုသေခြင်းမလှဘူးဆိုတာကောင်းကောင်းကြီးသင်ခန်းစာရသွားစေရမယ်။ “
ကောင်းကင်မှမီးတောက်ကြီးတခုကျလာ၍ လင်မိုဆီသို့တည့်တည့်ဝင်လာသည်။လင်မိုကားနည်းနည်းမျှမလှုပ်‌ရှောင်ရန်လည်းစိတ်မကူး။
“ဗုန်း”
ပတ်ဝန်းကျင်တခုလုံးပျောက်ကွယ်သွား၍မီးလုံးကြီးသည်နှစ်ခြမ်းကွဲသွားလေသည်။မီးတောက်မီးလျှံများသည်သူ့ကိုဖြတ်သွားလေသည် သို့‌သော်ဘာမျှမဖြစ်။ လင်မိုလည်းပျောက်ကွယ်သွား၍ထိုလူများလည်းထိတ်လန့်သွားကြလေသည်။လင်မိုသည်သူရဲ့နဂါးရေကူးသိုင်းကိုဆုံးစွန်အသုံးပြုလေသည်။မုန်တိုင်းသံများဆူညံလာသည်။မီးတောက်မီးလျှံများသည်အနည်းငယ်လျော့နည်းသွားလေသည်။ထို့နောက်လေပြင်းတချက်ဝှေ့လာ၍လမ်းကြောင်းတွင်ရှိသောအရာအားလုံးကိုသိမ်းကြုံးသယ်ဆောင်သွားလေသည်။
“ဒီကလေးရဲ့လှုပ်ရှားမှုကထူးဆန်းလှချေလား။အားလုံးသတိထားကြ”
သို့သော်သူတို့ဘယ်လိုတိုက်ခိုက်သည်ဖြစ်စေလင်မိုကိုထိခိုက်အောင်မလုပ်နိုင်ပေ။ ထိုသူတို့သည်မောပန်းနွမ်းနယ်နေကြလေပြီ။ သူကစိတ်ပျက်စွာပြောလိုက်သည်။
“ပုန်းနေလို့ဘာအကျိုးရှိမှာလဲ။မင်းအစွမ်းရှိရင်မျက်နှာချင်းဆိုင်လာတိုက်ပေါ့။ကြောက်နေလို့လား။ဒါ့ကြောင့်ကြွက်တကောင်လိုပုန်းလျိုးနေတာလား။”
လင်မိုကပြန်ပြေသည်”မင်းလုပ်နိုင်တာဒါအကုန်ဘဲလား။ ဒီမီးတောက်ကလေးနဲ့ဘယ်သူ့ကိုအရူးလုပ်နေတာလဲ။ငါ့ကိုအရူးလုပ်နေတာလား။”
ထိုစကားကြားသောအခါ ထိုလူများသည်ဒေါသထွက်ကြလေသည်။
တဖက်တွင်မြောင်ကျင်းသည်အံ့သြ၍နေလေသည်။
လင်မိုရဲ့ကျင့်ကြံမှုသည်မည်မျှအစွမ်းကြီးကြောင်းသိနိုင်လေသည်။
“သိပ်ဘဝင်မြင့်မနေပါနဲ့အုံး”
ထိုလူများသည်လက်ချင်းချိတ်လိုက်ရာမီးတောက်ကြီးတခုထွက်လာလေသည်။
ကောင်းကင်မှနေလုံးပမာရဲရဲတောက်နေသည်။ပတ်ဝန်းကျင်တခုလုံးသည်ငရဲခန်းပမာဖြစ်နေလေသည်။
ထိုမီးနဂါးကြီးသည်သူလမ်းရာလမ်းတလျှောက်တွင်ရှိသောအရာအားလုံးကိုလောင်ကျွမ်းစေသည်။
လင်မိုကားခြေရာဖျောက်၍ကွယ်ပျောက်နေလေသည်။ထိုလူများသူ့ကိုရှာမတွေ့တော့ပေ။

“ဘယ်ရောက်သွားတာလဲ။ ထူးဆန်းလိုက်တာ။ ‌ကြောက်လို့ပြေးပြီလား။”
မီးနဂါးသည်လေထဲတွင်ရပ်တန့်၍ရှာနေလေသည်။
ထိုသူတို့လည်းစွမ်းအားအများကြီးထုတ်သုံးထားရ၍မောပန်းနေလေပြီ။မျက်နှာများသည်ဖြူဖတ်ဖြူရော်ဖြစ်နေလေပြီ။
ထိုစဥ်အသံနက်ကြီးဖြင့်သူတို့နောက်မှထွက်လာသည်။
“ငါ့ကိုရှာနေတာလားဟ”
ထိုသူတို့နောက်ကိုလှည့်ကြည့်လိုက်သည်။ လင်မိုသည်ကစားသလိုလုပ်နေသည်။သူ့မျက်လုံးများသည်ကြောက်မက်ဖွယ်ပင်။
ထိုသူတို့နဲ့တိုက်ရခြင်းသည် သူ့အတွက်တော့ကြွက်နဲ့ကြောင်ကစားသလောက်ပင်ဖြစ်သည်။

“မင်းကပုန်းရုံလောက်တတ်တာဘဲ။ မင်းရဲ့အစွမ်းကဘာလဲ။”
ထိုခေါင်းဆောင်သည်ကြောက်စိတ်ကိုဖုံးဖိ၍အော်ပြောလိုက်လေသည်။
ထို့နောက်တဖန်ပြန်၍တိုက်ခိုက်ရန်ဟန်ပြင်လေသည်။ကောာင်းကင်ယံတခုလုံးနီရဲနေ၍ဝူကျင်းတောင်တခုလုံးမီးဟုန်းဟုန်းတောက်နေသည့်ပမာ။
“ဒီတခါတော့မင့်သေပေတော့။ငါတို့မြောင်ကိုရန်စသူဘယ်သူမဆိုအသေးဆိုးနဲ့သေရမယ်ဆိုနာမင်းသိရလိမ့်မယ်”

ထို့နောက်မီးတောက်မီးလျှံများသည်လင်မိုကိုဝါးမျိုလိုက်လေသည်။ မြောင်ကျင်းကြည့်ဖို့ပင်ခံနိုင်ရည်မရှိ၍မျက်နှာလွှဲထားလိုက်လေသည်။သို့သော်စက္ကန့်တဝက်မျှအကြာတွင်သူ့ဘဝတလျှေက်ဘယ်တော့မျှမမေ့နိုင်လောက်သောမြင်ကွင်းကိုသူမြင်လိုက်ရသည်။လေထဲမှဧရာမဓါးကြီးပေါ်လာ၍ထိုမီးနဂါးကိုပိုင်းဖြတ်လိုက်လေသည်။နာကျင်အော်ဟစ်သံသည်ကောင်းကင်ယံတခုလုံးဟိန်းဟိန်းမြည်သွားလေသည်။ ထိုလူတို့ရဲ့ပါးစပ်မှသွေးတို့တရဟောစီးကျလာလေသည်။

“ကဲပွဲကတော့ပြီးသွားပြီ။ မင်းတို့ကလွတ်မြောက်ချင်တာလား အရမ်း‌နောက်ကျသွားပြီ။” လင်မိုသည်ဓါးကိုလက်ထဲတွင်ကိုင်လျက်တဟုန်ထိုးပြေးလာလေသည်။မျက်လုံးများသည်မီးဟုန်းဟုန်းတောက်နေသည့်ပမာ။ ဖျတ်ခနဲဆိုသလိုထိုလူရဲ့လည်ပင်းတွင်သွေးများဆို့လာ၍လှဲကျသွားလေတော့သည်။ လင်မိုသည်မြောင်ကျင်းဆီလာသည်။ မြောင်ကျင်းတခုခုပြောဖို့ကြိုးစားသော်လည်း နာကျင်ကိုက်ခဲမှုတို့ကြောင့်ပါးစပ်ဟဖို့ပင်ခွန်အားမရှိ။ မျက်လုံးများမှောင်မိုက်သွား၍ ဘာမှမသိ‌တော့ပေ။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now