32

321 24 0
                                    

အပိုင်း ၃၂ (အိမ်ပွဲတွင်အနိုင်ယူခြင်းသို့မဟုတ်ကိုယ့်ရှူးကိုယ်ပတ်အောင်လုပ်ခြင်း)

“ချမ်းသာရူး ရူးနေတာနေမှာပေါ့”
“သူကျင့်ပြီးတော့တာလည်းနေမှာပေါ့။ ဒီလိုဆိုအများကြီးမရှုံးပါဘူး။ ဘာမှမပြောပလောက်ပါဘူး”
ထိုစဥ်ဟွမ်ညီအမတတွေသည်အပျော်ကြီးပျော်နေကြသည်။ လင်မိုဘယ်လောက်ပေးဝယ်ထားရသည်ကိုသူတို့သည်ပြီးဖြစ်လေသည်။ သူတို့အမြတ်ကြီးမြတ်လေသည်။
လင်မိုအရှုံးပေါ်သည်ဟုလူတိုင်းခံစားမိသည်။
တကယ်တော့ရှုံးမရှုံးလင်မိုကိုယ်တိုင်အသိဆုံးပင်။ ဝိညာဥ်ကျောက်တုံးအနေဖြင့်ရှုံးကောင်းရှုံးပေလိမ့်မည် သို့သော်အခြားဘက်မှအမြတ်ထွက်လေသည်။

(ဒင်၊ “ဖှုန်ထွက်ခြင်းခြေလှမ်း” ကိုအောင်မြင်စွာလေလံတင်လိုက်ပါပြီ)
(အဆသုံးထောင်ကိုအောင်မြင်စွာပြန်အမ်းငွေရရှိပါမည်)
(အတန်းမြင့်အဆင့်ခွန်လှုပ်ရှားမှုသိုင်း”နဂါးရေကူးခြေလှမ်း”ကိုရရှိပါသည်)
လင်မိုက “ ဖှုန်ထွက်ခြင်းခြေလှမ်း” ကိုကျင့်ကြံပြီးမြောက်လေပြီ။ စနစ်မှပိုကောင်းသောပြန်အမ်းခြင်းကိုသူရလေသည်။ ရတာနဲ့ယှဥ်ကြည့်လျှင်ဆုံးရှုံးသွားသောဝိညာဥ်ကျောက်တုံးသည်ဘာမျှမဟုတ်။

တော်ဝင်မိသားစုပင်ထိုကျင့်ကြံနည်းကိုလိုချင်ပေလိမ့်မည်။ လင်မိုဖြစ်စေချင်သည်လည်းထိုအတိုင်းပင်။ သူ့ကိုမြောင်နှင့်လင်မိသားစုနှစ်ခုကခြိမ့်ခြောက်နေ၍သူ့အတွက်ပို၍ကောင်းသောလှုပ်ရှားမှုစနစ်ကိုလိုအပ်လေသည်။

“ဖှုန်ထွက်ခြင်းခြေလှမ်း ’ သည်ကောင်းသည်သို့သော်အဆင့်ငါးတက်ဖို့အထောက်အကူဖြစ်စေသော်လည်းအဆင့်လေးကျင့်ကြံနည်းစနစ်သာဖြစ်သည်။ ထို့ကြောင့်သိပ်အသုံးမဝင်ပေ။ “နဂါးရေကူးခြေလှမ်း”နဲ့ပေါင်းစပ်လိုက်ရင်သူ့ကိုမှီဖို့ခဲယဥ်းပေတော့မည်။
လင်မိုကသူ၏ရန်သူကိုဘယ်တော့မှလျော့မတွက်။ သူ့ကိုယ်သူယုံကြည်မှုအပြည့်မရှိသေးလျှင်သူမလှုပ်ရှားသေး။ ထို့ကြောင့်လည်းလင်နှင့်မြောင်မိသားစုကိုပြန်မချေပသေးခြင်းဖြစ်လေသည်။
ထိုမိသားစုနှစ်စုတို့သည်အင်အားကြီးတောင့်တင်းလေသည်။ သူအချိန်ယူရအုံးမည်။
“ဒုတိယလေလံတင်မှာကတော့အတန်းမြင့်အဆင့်လေးမကောင်းဆိုးဝါးမြွေပျံဖြစ်ပါတယ်။ အဆင့်နိမ့်ကျောက်တုံးရှစ်ထောင်နဲ့စလေလံတင်ပါမယ်”
ကြီးမားသောသံလှောင်အိမ်ကြီးကိုမပြသည်။ အေးစက်စက်ရက်စက်ဟန်ရှိသောမျက်လုံးအစုံကိုမြင်နိုင်လေသည်။ လှောင်အိမ်ထဲတွင်တရှူးရှူးဖြင့်လုပ်နေသောမြွေကြီးကိုမြင်နိုင်လေသည်။
“ရှူး..”
လျှာကိုပြူတက်ပြူတက်လုပ်၍အနားမရှိလှည့်ပတ်သွားနေသည်။ လူအုပ်ကြီးကိုမြင်သောအခါပါးပြင်းထောင်၍ ပေါက်ဟန်လုပ်လိုက်သည်။
ကံကောင်းထောက်မ၍ထိုလှောင်အိမ်ကိုအထူးချိတ်ဖြင့်ပိတ်ထားလေသည်။ သာမာန်လှောင်အိမ်သာဆိုထိုသားရဲကောင်ကိုပိတ်ထား၍မရ။ သို့သော်လည်းထိုမြွေကိုမြင်သောအခါမကြောက်ဘဲမနေနိုင်ပေ။
“အဆင့်မြင့်အဆင့်လေးမကောင်းဆိုးဝါးကောင်အစစ်ဘဲ”
“   ကြည့်သူ့ကျောမှာတောင်ပံလေးနှစ်ခု”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now