7

381 27 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း  ၇
(ကြေးစားအဖွဲ့ခေါင်းဆောင်)

ကျင်းပမယ့်နေရာသည် အပြင်အဆင်မရှိရိုးရှင်း၍ကျဥ်းမြောင်းသော်လည်း အလုပ်ဖြစ်သည်။ လိုအပ်တာမှန်သမျှအဆင်သင့်ဖြစ်သည်။

လူတွေလည်းအဆင်သင့်ရောက်နေပြီ။
ရှေ့ထိုင်ခုံတွင်ထိုင်နေသူကရွာသူကြီး။ အဝတ်အစားများကပကာသနမဖက် ရိုးရိုးရှင်းရှင်း။ သာမာန်ရွာသားများနဲ့ထူးမခြားနား။ အသံကြားသနား မျက်နှာမြင်ချစ်ခင်ဆုတောင်းနဲ့ပြည့်စုံပုံရသည်။ ပေါက်ပန်းလိုမဟုတ် အရည်အချင်းနဲ့ပြည့်စုံလှ၍ လျှော့တွက်လို့မရ။

သူ၏ကိုယ်ရောင်ကိုယ်ဝါကသက်သေပြနေသည်။
အသက်သုံးဆယ်ဝန်းကျင်လူကြီးတချို့ရှိသည်။ သားရည်ဖြင့်ချုပ်ထားသောအဝတ်များကိုဝတ်ထားသည်။ ဘယ်သားကောင်၏သားရည်မှန်းမပြောနိုင်သော်လည်း အရမ်းကြည့်ကောင်းလှသည်။ သူတို့ဝတ်ထားသောပစ္စည်းများကို သာမာန်လူမဝတ်နိုင်။

မျက်လုံးများကတောက်ပနေသည်။ တဖက်ကလည်း လူသတ်သမားပုံစံပေါက်နေသည်။ တချက်ကြည့်ရုံဖြင့် သူတို့ဟာသွေးစွန်းသောမကောင်းမှုဖြင့် အသက်မွေးသည်ကိုဘယ်သူမဆိုပြောနိုင်သည်။

ဦးလေးဝမ် မိတ်ဆက်စကားဆိုသည်”သူတို့ဟာ ဝံပုလွေရိုင်းအဖွဲ့နဲ့နဂါးကျား
အဖွဲ့ကဖြစ်ပါတယ်”

ရုတ်တရက် တံခါးမှရုတ်ရုတ်သဲသဲဖြစ်လာသည်။ လူလေးငါးယောက်ဝင်လာသည်။ တချက်ကြည့်ရုံဖြင့် သူတို့ဟာကြေးစားဝံပုလွေအဖွဲ့မှဆိုတာသိနိုင်သည်။

ရွာလူကြီးကပြောသည် “အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံး နှစ်ထောင်စျေး”

ထိုရွာလူကြီးကို လင်မို မျက်တောင်မခတ်ကြည့်နေသည်။
ရွာလူကြီးသည် သမာသမတ်ကျစွာရွာကိုအုပ်ချုပ်သူဖြစ်သည်။ ထို့ပြင် ရွာသူရွာသားများအပေါ်တွင်ဘယ်တော့မှအမြတ်မထုတ်။အာဏာကိုအလွဲသုံးစားမလုပ်။ ထို့ကြောင့်လည်းသူမကြီးပွား။ ပတ်ဝန်းကျင်ကောင်းစားစေချင်၍သာ လင်မို ကိုစေတနာဖြင့်ကူညီခြင်းသာဖြစ်သည်။

ရွာလူကြီးလေလံစျေးပေးပြီး‌နောက် မျှော်လင့်ထားသလောက်လူတွေတသဲသဲဖြစ်လာသည်။ ထပ်၍ပြောဖို့မလိုတော့။ နေရာကအဆင်သင့်သလောက် လေလံလည်းထပ်၍ထပ်၍ထိုးတက်သွားသည်။

“အဆင့်နိမ့်မှော်ကျောက်တုံး ၂၅၀၀”

မြွေခေါင်းဆောင်ကြေးစာဖွဲ့ ခေါင်းဆောင်ကော်ဝမ်စျေးခေါ်သည်။ ထိုဆေးလုံးများကို သူသုံးခဲသည်။ များသောအားဖြင့်သူ့တွင် ပထမတန်းဒုတိယတန်းစားဆေးများရှိသည်။ပထဆုံးစျေးခေါ်သောပစ္စည်းသည်တတိယတန်းစားဆေးဖြစ်လိမ့်မည်ဟုသူမျှော်လင့်မထား။ သူစိတ်အတော်လှုပ်ရှားသည်။

“အဆင့်နိမ့်မှော်ကျောက်တုံး ၃၀၀၀”

တဆက်တည်းပင်အော်လိုက်ပြန်သည်။ ထိုသူသည်တခြားသူမဟုတ် ကျားနဂါးကြေးစားဖွဲ့ မှလီယွင်ဖေး ဖြစ်သည်။ စဥ်ပေါ်ကဆေးကိုကြည့်၍သူ့မျက်လုံးများကတောက်ပနေသည်။ သူ့ခွန်အားကိုမြှင့်တင်ဖို့ထိုဆေးလုံးကိုသူလိုအပ်သည်။

လီယွင်ဖေးသည်ထိုသုံးဖွဲ့ထဲတွင်အားအနည်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အဆင့်ခြောက်ထဲဝင်ရောက်ရုံသာရှိသေးသည်။ ထို့ကြောင့် သူ့ခွန်အားတွေစုစည်းဖို့ထိုဆေးကိုအသည်းအသန်လိုနေသည်။

ချက်ချင်းပင်စျေးကထိုးတက်သွားပြန်သည်။ လူအတော်များများမလိုက်နိုင်တော့။ ကြေးစားအဖွဲ့မှခေါင်းဆောင်များသာအလုအယက်ပြိုင်ဆိုင်နေကြသည်။

“ငါသိပြီးသား ငါတို့လိုလူတွေဘယ်လိုက်နိုင်ပါ့မလဲ။ သူတို့နဲ့ဘယ်လိုယှဥ်ပြိုင်နိုင်မလဲ”

ကော်ဝမ်နှင့်လီယွင်ဖေးတို့နှစ်ယောက်ထိုဆေးလုံးကိုရချင်နေသည်မှာသိသာသည်။ သူတို့နစ်ယောက်အကြိတ်အနှယ်ယှဥ်ပြိုင်ကြသည်။ ပတ်ဝန်းကျင်တခုလုံးရင်ခုန်စွာစောင့်ဆိုင်းနေကြသည်။ အခြားတဖက်တွင် ဝံပုလွေအဖွဲ့မှခေါင်းဆောင်ဟွမ်ခယ်ကန်းတယောက်တိတ်ဆိတ်စွာစောင့်နေသည်။

ထိုသုံးဖွဲ့မှ ခေါင်းဆောင်သုံးယောက်တွင် အဆင့်ခြောက်ကိုပထမဆုံးရရှိသူသည်သူပင်ဖြစ်သည်။ သူ၏အောင်မြင်မှုကိုသူဂုဏ်ယူသည်။ သို့သော်အဆင့်ခြောက်နှင့်အဆင့်ခွန်တို့သည်အကြီးအကျယ်ကွာဟသည်။ တနည်းပြောရလျှင် ထိုဆေးကိုသူမလိုပေ။

ကျန်နှစ်ဖွဲ့မှ ခေါင်းဆောင်တယောက်ယောက်ကဝယ်ခဲ့လျှင် သူတို့နှစ်ဦးကြားတွင်အစွမ်းကွာဟသွားလိမ့်မည်။ ဟွမ်ခယ်ကန်းအရင်ကရှိခဲ့သောအားသာမှုသည်
တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မည်။

ထို့ကြောင့် သူစောင့်၍အခြေအနေကိုအကဲခတ်နေသည်။ အဆင့်ငါးကျင့်ကြံနည်းသာရှိခဲ့လျှင် သူဘယ်လောက်ပေးရသည်ဖြစ်စေ သေချာပေါက်ဝယ်မည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now