88

231 11 0
                                    

အခန်း (၈၈) လေလံအိမ်မှရန်ပွဲ။
လင်ဝမ်တခုခုပြောချင်သော်လည်း လင်ယီရွှမ်ကဝင်တားလိုက်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်

“ဒုတိယခေါင်းဆောင်က ဒီလိုကြံထားတော့ ကျွန်တော်လည်း ဘာမှမပြောတော့ပါဘူး။ စောင့်ကြည့်ရတာပေါ့”

လင်ယီရွှမ်၏ နောက်ကျောကို ကြည့်လျက်ဒုတိယခေါင်းဆောင်၏ မျက်နှာထားတင်းလာလေသည်။

“မင်းကသူ့ကိုကယ်ဖို့ အဆင့်ခုနစ်ဆေးလုံးကိုလိုချင်တယ်ပေါ့။ လင်ကျွင်းယန်ကဘာမှအသုံးကျတဲ့လူမဟုတ်ဘူး”

မကြာမှီတွင် လေလံပွဲစတင်လေသည်။

“ပထမဆုံးလေလံတင်မှာကတော့ အလယ်လတ်အဆင့်ငါးဝိညာဥ်ရှေးဟောင်းပစ္စည်း  ပဲဖြစ်ပါတယ်။ ဝိညာဥ်ကျောက်တုံးထောင့်ငါးရာနဲ့စလေလံတင်ပါမယ်”

“၂၀၀၀”

“၂၅၀၀”

လိုချင်သူများလေရာ စျေးသည်ငါးထောင်ထိတက်သွားလေသည်။ သို့သော် အခြားလေလံအိမ်မှစျေးနှင့် ယှဥ်သော် များသည်မခေါ်သာသေး။

“ဒုတိယလေလံတင်မှာကတော့ အဆင့်မြင့် အဆင့်ငါးရွှေကြာဉာဏ်ဖြစ်ပါတယ်။ ဝိညာဥ်ကျောက်တုံးနှစ်ထောင်နဲ့စပြီး လေလံတင်မှာပါ”

လေလံပစ္စည်းများကောင်းသောကြောင့် ပရိသတ်က အလုအယက်ဝယ်ကြလေသည်။ မရလိုက်မှာစိုး၍ သူ့ထက်ငါလေလံဆွဲကြရာအုတ်အော်သောင်းနင်း ဆူညံနေလေသည်။
လင်ယီရွှမ်နှင့်ဒုခေါင်းဆောင်တို့ လိုချင်သော်လည်း မပါဝင်ကြသေးပေ။
သူတို့၏ပစ်မှတ်က အဆင့်ခုနစ်ဆေးလုံးဖြစ်လေသည်။သူတို့စောင့်ရတာ စိတ်မရှည်ချင်‌‌တော့။
မြောင်ကျန်းကြေငြာလိုက်သည်

“နောက်ဆုံးပစ္စည်းကတော့  အဆင့်ခုနစ်ဆေးလုံးဖြစ်ပါတယ်။ ဝိညာဥ်ကျောက်တုံးသုံးထောင်ပါ”

လူတိုင်းသည် လင်ယီရွှမ်ကို ကြည့်လိုက်ကြသည်။ သူအားလုံးပုံအောထားသည်ကို သိကြလေသည်။

ဝိညာဥ်ကျောက်တုံးတသောင်း”

စျေးသည် အမြင့်ဆုံးသို့ ခုန်တက်သွားသောကြောင့် လူတိုင်းအံ့အားသင့်သွားကြသည်။
ဆေးလုံးသည် အစွမ်းထက်သော်လည်း လိုချင်သူနည်းလေသည်။
လင်မိုသည် သူလိုချင်ကြောင်းကို ပြသပြီးဖြစ်၍မည်သူမျှ မပြိုင်ချင်ကြ။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now