93

242 15 0
                                    

အခန်း( ၉၃ )ဒုခေါင်းဆောင်၏ ခိုးကြောင်ခိုးဝှက်တိုက်ခြင်း

လင်ဝမ်သည်ဒေါသတကြီးဖြစ်နေသော ဒုခေါင်းဆောင်တို့ အုပ်စုကိုမြင်သော် စိုးရိမ်မကင်းဖြစ်လေသည်။

“ဘာမှမဖြစ်လောက်ဘူး မဟုတ်လား”

ခေါင်းဆောင်ကြီးဘက်က ဒုခေါင်းဆောင်အကြံကို လက်ခံလိမ့်မည်ဟု မည်သူမျှမထင်ထားကြပေ။ လင်ကျွင်းယန် နိုးလာပြီဖြစ်သော်လည်း သူဘာမှလုပ်နိုင်ဉီးမည်မဟုတ်ပေ။

လင်ယီရွှမ်ကားတည်ငြိမ်လှသည်။ လင်ကျွင်းယန်နိုးလာ၍လည်းဖြစ်လေသည်။ သို့သော်လူယုတ်မာနဲ့နေရ၍ကြာကြာမပျော်နိုင်ပေ။

“ဒုခေါင်းဆောင်လိုချင်တာကိုဘယ်လိုရရအကောက်ကြံတတ်တယ်။  ခုလည်းသူ့ပစ္စည်းတွေဆုံးသွားပြီဆိုတော့ဘာလုပ်ဉီးမလဲမပြောနိုင်ဘူး”

ပြောသာပြောသည် လင်မို၏အစွမ်းကိုလည်းလျှော့မတွက်မိပေ။

“ရန်သူရဲ့ရန်သူက ငါတို့မိတ်ဆွေပဲ။ ငါတို့ကိုကူညီထားတာရှိသေးတော့ ဒီတိုင်းကြည့်မနေနိုင်ဘူး။ ပြီးတော့ဒီချိန်က ဒုခေါင်းဆောင်ကိုတိုက်ခိုက်ဖို့အချိန်ကောင်းပဲ....”

လင်ကျွင်းယန်စိုးရိမ်တကြီးပြောလေသည်။

“ကျွန်တော်တို့ဝင်ပါရင် လေလံအိမ်နဲ့ပူးပေါင်းကြံစည်မှုဆိုတဲ့စွပ်စွဲချက်နဲ့​ ငြိမသွားဘူးလားဗျ ”

သူတို့မလှုပ်ရှားလျှင်လည်း ဒုခေါင်းဆောင်ဘက်ကမတရားစွပ်စွဲမည်သာဖြစ်လေသည်။

“သူတို့နောက်လိုက်ပြီးခြေရာခံကြည့်ရ‌အောင် လိုအပ်ရင်တုံ့ပြန်တာပေါ့”

မကြာမှီတွင် ဒုခေါင်းဆောင်တို့အဖွဲ့ လေလံအိမ်သို့ရောက်လာကြသည်။ မြောင်ကျင်းကိုမြင်သော်ရုန့်ရင်းကြမ်းတမ်းစွာဖြင့် .....

“...မင်းသခင်ကိုသွားခေါ်လ်ိုက်.....”

ဒုခေါင်းဆောင်သည်အစွမ်းတို့ထုတ်သုံးလေသည်။ နဂါးကူးပြောင်းခြင်းဆိုင်ရာဖိအားသည် နေရာအနှံ့ပျံ့သွားလေသည်။

သူ၏စွမ်းအားသည် တောင်ကြီးပြိုကျလာသည့်ပမာပင်။ ကြမ်းပြင်တခုလုံး ပင့်ကူအိမ်တွေလိုအက်ကွဲလာလေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now