76

239 16 0
                                    

အခန်း(၇၆)
ချင်ယန်မြို့ တုန်လှုပ်သွားသည်။ မြောင်မျိုးနွယ်စုတို့ အလဲထိုး ခံလိုက်ရပြီ။
မြောင်ကျန်းကိုယ့်သေတွင်းကိုယ်တူးလေပြီ။
ထိုအချိန် သူ၏ဆံစတို့သည် ကပိုကယိုဖြင့် သရဲတကောင် ပမာအလား။ သူ့ကိုယ်မှထွက်သောကိုယ်ရောင်ကိုယ်ဝါကြောင့် လင်မိုသည် နောက်သို့မီတာသုံးဆယ်လောက် လွင့်ထွက်သွားသည်။
သူ့ဘေးမှ မြေကြီးကွဲအက် သွားလေသည်။ မြောင်မျိုးနွယ်စုပင် ပျက်စီးခြင်းအဆုံးစွန်သို့ ရောက်လာလေပြီ။
မြောင်ကျန်းသည် စွမ်းအားများကို စုပ်ယူလိုက်ထုတ်လွင့်လိုက်ဖြင့် အသူရာနက်သော ချောက်ကြီးပမာပင်။ကျန်သော မြောင်မျိုးနွယ်စုတို့သည်သူ့ကိုစွမ်းအားများ ကူးပြောင်းပေးနေလေသည်။
လင်မိုသည် သူ့ကို လျော့မတွက်ရဲတော့ပေ။ မြောင်ကျန်းသည် သူ့ကိုအပြတ်ရှင်းဖို့ မြောင်မျိုးနွယ်စုတခုလုံးကို သုံးလိမ့်မည်ဟု မထင်ခဲ့ပေ။
ရွှေရောင်ဒိုင်းကာသိုင်း၏ လည်ပတ်မှုကြောင့် လင်မို၏ ကိုယ်မှရွှေရောင်အလင်းတန်းထွက်ပေါ်နေ၍ မြောင်ကျန်းကို တိုက်ခိုက်လေသည်။

“ငရဲအတူကြွကြတာပေါ့”

ထိုသို့ပြော၍ မြောင်ကျန်းသည် လင်မိုဆီ တဟုန်ထိုးခုန်လာသည်။

ထောင့်တနေရာမှ ကြည့်နေသော ဒုခေါင်းဆောင်သည် အံ့အားသင့်၍ ဆွံ့အသွားမိသည်။ ရုတ်တရက်သူပင် ကြောက်လန့်မိသည်။

“လင်မိုတောင့်ခံနိုင်သားဘဲ။ သူ့စွမ်းအားကအံ့မခန်းလိလိဘဲ။ ငါ့အကြံပါမှန်းသူသိရင်တော့..”

ဒုခေါင်းဆောင် တုန်လှုပ်သွားသည်။ လင်မိုသိပြီးသား ဖြစ်ကြောင်းကို သူမသိပေ။
ခဏကြာသော် သူ၏ မျက်နှာထားသည်ပုံမှန်ဖြစ်လာ၍ ပြုံးပန်းဆင်လာသည်။

“မြောင်ကျန်း သူ့ကိုယ်သူ ဖျဖျက်ဆီးတော့မှာ။သူ့အစွမ်းက နဂါးအသွင်ကူးပြောင်းမှုထိပ်ဆုံးအဆင့်ရောက်နေပြီ။ ဟိုခေါင်းဆောင်တွေနဲ့ပေါင်းပြီးတိုက်ရင် လင်မိုဘယ်လောက်အစွမ်းကြီးကြီးသေမှာပဲ”

ထို့သို့တွေး၍ စိတ်သက်သာရာ ရသွားလေသည်။

“အဆင်ပြေမှာ မဟုတ်ပါဘူး။ မြန်မြန်ရှောင်မှအေးမှာပါ။ အဲ့လိုမဟုတ်ရင် ငါ့ဘက်လှည့်လာဦးမယ်”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now