46

308 19 0
                                    

အပိုင်း ၄၆ ကင်းမှီးကောက်ကိုအလိုရှိသည်။ မင်းကပေါ်တင်အလစ်သုတ်နေတာလား။

ထိုးစကားတို့သည်ရိုင်းပြလေသည်။ ဟွမ်ညီအမသည်ရှက်ရွံ့သောကောင်မလေးများဖြစ်သည်။ သူတို့၏ဖွေးဥဥပါးလေးသည်ကြက်သွေးရောင်သန်းနေသည်။

အဖြူရောင်ပိတ်သားပေါ်တွင်နှင်းဆီရောင်သန်းနေသည့်ပမာဖြင့်
ဟွမ်ကျစ်ယွင် သည်အလွန်ဒေါသထွက်လွယ်သည်။ ထိုင်ခုံမှချက်ချင်းထလာ၍ “မင်းဘာကိုဆိုလိုတာလဲ”

ထိုလူကသူမကိုမျက်စောင်းထိုးကြည့်လိုက်သည်။ ဟွမ်ကျစ်ယွင်သည်ဒေါသထွက်လွန်း၍ခန္ဓာကိုယ်ဆတ်ဆတ်တုန်နေသည်။ သူမကငြင်းဆန်ဖို့ရှေ့တို့လာစဥ်ဟွမ်ကျစ်ရို့ကတားထားလိုက်သည်။

“ဝိညာဥ်ကျောက်တုံးကငါတို့နဲ့မယှဥ်နိင်လို့ပါးစပ်နဲ့ပြောချင်တာပေါ။ ရယ်ချင်စရာကောင်းလှသည်။ သူမသည်ဆွဲဆောင်မှုမရှိငြိမ့်ငြိမ့်ကြီးထိုင်နေသည်။ သို့သော်သူမ၏စကားများသည်ဓါးနဲ့ထိုးမွှေသလိုထက်မြက်လှသည်။ ခေါင်းပေါ်သံရိုက်လိုက်သလိုစူးဝင်သွားသည်ဟုထင်လိုက်ရသည်။
ထိုလူ၏မျက်နှာသည်ချက်ချင်းမှောင်သွားသည်။ သူ၏အရှိုက်ကိထိုးလိုက်သည့်ပမာပင်။

ဟွမ်ကျစ်ယွင်သည်သူမ၏ယုံကြည်မှုကိုမြင်နိုင်လေသည်။ သူမကမျက်နှာထားကိုပြင်လိုက်၍ “ဟုတ်တယ်။ စျေးအမြင့်ဆုံးပေးနိုင်တဲ့ဘယ်သူမဆိုဒါကိုရလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲမသိ‌ပေမယ့်ငါတို့ဘာလုပ်ရမလဲ။ အိမ်မှာထားရင်မဆိုးပါဘူး”

ထိုလူ၏မျက်နှာသည်ညီအမနှစ်ယောက်စကားကြောင့်ဖြူဖတ်ဖြူရော်ဖြစ်လာသည်။ “ဒီကလေးမနှုတ်သီးခေါင်းလျှာပါးဘဲ”
လက်သီးကိုဆုပ်၍ မျက်လုံးတို့ကခက်ထန်လာသည်။ တခုခုအတွေးဝင်လာဟန်ဖြင့်လှည့်ပတ်ကြည့်လိုက်သည်။ ခဏကြာသော်ခက်မာသောအပြုံးဖြစ်လာပြန်သည်။

“ဒီလိုဆိုရင်ငါပန်းကိုဖျက်ဆီးတာအပြစ်လာမပြောနဲ့။ မင်းတို့ကငယ်သေးတော့ဘယ်လိုပြုမူရမလဲမသိသေးဘူး။ မင်တို့မျိုးနွယ်စုကအကြီးအကဲတွေကိုယ်စားသင်ပေးရမှာပေါ့”

ထိုသို့ပြောလိုက်၍ မပြီးပြည့်စုံသေးသော ‘‌ရွှေဒိုင်းကာသိုင်း’ကိုဆွဲယူလိုက်သည်။ ဟွမ်ကျစ်ယွင်သည်အန္တရာယ်ကိုရိပ်မိ၍သတိအနေအထားလိုက်သည်။ အခြားသူများလည်းမျက်နှာထားပြောင်းသွားကြသည်။
“မဖြစ်နိုင်တာ။ မဝယ်နိုင်လို့ဒီလိုအလစ်သုတ်တဲ့လူတွေရှိလားခုခေတ်မှာ”
ရတနာအတွက်ခုလိုတိုက်ခိုက်သတ်ဖြတ်ခြင်းသည်မထူးဆန်းပေ။ လေလံအိမ်အတွက်လည်းထိုနည်းတူပင်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now