78

241 13 0
                                    

Chapter 78

လင်မို၏ အဆင့်တက်ခြင်းက လူတိုင်းကို အံ့ဩသွားစေတယ်

‌ လင်မို၏ခန္ဓာကိုယ်သည် ဆေးလုံးများမှ ဝိဉာဉ်စွမ်းအင်များကို စုပ်ယူထားပြီး ထိခိုက်ဒဏ်ရာများကို တဖြည်းဖြည်းကုသကာ ရောင်စဉ်တန်းများ ထွက်ပေါ်နေလေသည် ။
နေရာကျဉ်းလေးတွင် များပြားလှသော ဝိဉာဉ်အင်အားများက အလျှံအပယ်ဖြစ်နေပြီး အရောင်စုံအသွေးစုံ အလင်းတန်းများက လင်မိုဆီမှ ဖြာထွက်နေလေသည် ။

သာမန်လူတစ်ယောက်အတွက်မူ ထိပ်တန်းအဆင့်ခြောက် ဆေးလုံးအား အပြည့််အဝစုပ်ယူရန် ခြောက်လခန့်ကြာလေသည် ။ နတ်ဘုရားဖျက်ဆီးခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် လင်မိုကမူ ထိပ်တန်းအဆင့်ဆေးလုံးများအားလုံးကို ဆယ်ရက်အတွင်းပင် စုပ်ယူလိုက်လေသည် ။

အစိမ်းရောင်အသက်ဓါတ်များက ခန္ဓာကိုယ်အနှံအပြားကို ပျံ့နှံနေပြီး သွေးပုတ်များကို တနေရာပြီးတနေရာ သန့်စင်ပေးနေလေသည် ။ လင်မိုသည် သူ၏ခန္ဓာကိုယ်မှ ပြေလျော့သွားသောအကြောတစ်ခုချင်းစီကိုလည်း ခံစားမိလေသည်။

လင်မိုသည်  သူ၏စိတ်စွမ်းအင်များနှင့် ချီစွမ်းအင်များကို စုစည်းလိုက်သောအခါ အနှိုင်းမဲ့အရှိန်အဝါက ထွက်ပေါ်လာလေသည် ။ မည်သည့်အရာကမှ သူ၏တိုးတက်မှုအား မတားဆီးနိုင်တော့ပေ ။

လင်မိုသည် နှိုင်းယှဉ်မရနိုင်တော့ပေ ။ သူ၏စိတ်ဝိဉာဉ်အင်အားသည် ရာဇဝင်တင်လောက်ဖွယ် အခြေခိုင်သွားလေပြီ ဖြစ်သည် ။ ထူးဆန်းအံ့ဖွယ်နယိမြေသို့ ရောက်ရှိသွားသူလိုပင် ခံစားချက်များကလည်း ဖော်မပြတတ်ဖွယ်ရာပင် ။  ခေါင်းဖျားမှ ခြေဖျားအထိ အပြန်အလှန်ကူးလူးနေသော စွမ်းအင်များသည် မြောင်ဂိုဏ်းအား နှိမ်နင်းစဉ်က ထွက်ပေါ်နေသည့် ရောင်စဉ်များလိုပင် ။

" ဘာဖြစ်နေတာလဲဟ ......လင်မိုများ သတိရလာတာလား ။?"
" ဟာ..........မဖြစ်နိုင်တာကို ...ခေါင်းဆောင်ကြီးပြောတာ မကြားဖူးလား ။ မကြာဘူးဆိုရင်တောင် အနည်းဆုံး တစ်လတော့ကြာမယ်လို့ ပြောထားတာကို ........ဘယ်လိုလုပ် အခုသတိရမှာလဲ။?"
" ဂိုဏ်းခေါင်းဆောင်ကို အမြန်သတင်းပို့ချေ ."

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now