6

386 30 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၆
(လေလံပစ္စည်းများလက်ခံရရှိခြင်း)

လေလံပစ္စည်းများထားရာအခန်းဆီသို့ဦးလေးဝမ်က လင်မိုကိုဦးဆောင်ခေါ်လာသည်။

အခန်းထဲတွင်စဥ်တွေအပြည့်။ ဆေးတချို့ကပြယ်လုနေ၍ကွက်ကြားကွက်ကြားဖြစ်နေသည်။ သို့သော် အချောကိုင်ထား၍သိပ်ကြည့်ရမဆိုး။ တောက်ပြောင်၍လင်းလက်နေသည်။ ဦးလေးဝမ်၏လက်ရာများဖြစ်နိုင်သည်။

စဥ်အနည်းငယ်သာဖြည့်ထား၍အခန်းကဗလာဟင်းလင်းလိုဖြစ်နေသည်။ တနေ့ ထိုအခန်းထဲတွင် တောက်ပလင်းလက်တဲ့ပစ္စည်းများဖြင့်ပြည့်နှက်နေရမည်ဟု လင်မိုတယောက်ယုံကြည်ထားသည်။

ရှေ့ဆုံးစဥ်သို့ ဦးလေးဝမ် နောက်မှလိုက်လာသည်။ ပစ္စည်းများအပြည့်။

“သခင်လေး ဒီလေးခုကနှစ်ရက်လောက်ကရခဲ့တဲ့ဟာဘဲ။ ဒီတခုကပူပင်ကင်းမဲ့မြက်ပင်။ အဆင့်လေးရှိတဲ့ဆေးမြက်။ နာတာရှည်ရောဂါတွေပျောက်ကင်းစေပြီး ကျင့်ကြံအားထုတ်ခြင်းမှာကူညီထောက်ပံ့ပေးနိုင်တယ်။

ဒီအနီးအနားကတောအုပ်အိုကြီးဆီကလူငယ်လေးတယောက်နုတ်ယူလာတာဘဲ။ အဆင့်ခြောက်အောက်ရှိတဲ့ကျင့်ကြံသူတွေအတွက်အရမ်းအထောက်အကူပြုစေပြီး အဆင့်ခြောက်ကိုရောက်အောင်ကူညီပေးနိုင်တယ်”

ထိုကောင်တာပေါ်မှမြက်ပင်သည် လမ်းဘေးမှမြက်ရိုင်းနဲ့ထူးမခြားနား။ သာမာန်မျှသာ သို့သော် အရွက်ပိုရှိသည်။ ဒီကလူအများစုသည်အဆင့်ခြောက်အောက်တွင်ရှိကြသည်။ ထိုလူများအသုံးပြုနိုင်သည်။ ထို့ကြောင့်လူအများစု၏ဆွဲဆောင်မှုရရှိစေမှာမြေကြီးလက်ခတ်မလွဲပင်။

“နောက်တခုက အဆင့်လေးရှိတဲ့ကျင့်ကြံနည်းစနစ်”

လင်မို မှာသာအဆင့်ငါးရှိတဲ့ကျင့်ကြံနည်းစနစ်ကိုယူထုတ်မပေးနိုင်ခဲ့ရင် ဦးလေးဝမ် ကဒီဟာကိုအစားထိုးအသုံးချဖို့ဖြစ်သည်။ သင့်လည်းသင့်သည်။ အနည်းဆုံးတော့ ဘယ်သူမှ စိတ်ဆိုးလိမ့်မည်မဟုတ်။

ဦးလေးဝမ် ကံကောင်း၏။ တချိန်ကထိုပစ္စည်းသည်တစုံတယောက်၏အမွေခံပစ္စည်းဖြစ်လေသည်။ စီးပွားရေးပျက်ပြား၍သာကြွေးလည်ပင်းဆိုက်၍ရောင်းချရုံမှလွဲ၍ရွေးချယ်စရာမရှိဖြစ်ခဲ့ရသည်။ တိုက်ဆိုင်စွာပင် လေလံပွဲအကြောင်းကြားသိ၍ ခုလိုစိတ်မပါလက်မပါလာရောင်းရခြင်းဖြစ်လေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now