71

239 13 0
                                    

အခန်း ( ၇၁ )နတ်ဆိုးတပါးကမ္ဘာမြေသို့ဆင်းလာ၍မြောင်မျိုးနွယ်စုကိုရှင်းလင်းသုတ်သင်ခြင်း.....

ထိုစကားကြားသောအခါ ဝတ်ရုံနက်သည် မြောင်ယန်နှင့်အခြားလူများကိုကြည့်လိုက်သည်။ သူ့အကြည့်များသည် အေးစက်ခက်ထန်နေသည်။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ သူလေလံအိမ်မှာသိမ်းမထားရင် ဘယ်မှာထားမှာလဲ။ ငါတို့အကြံလည်းမသိဘဲဘာလို့သူနဲ့အတူယူသွားမှာလဲ”

မြောင်ယန်သည် ထိုလူဆိုလိုသည်ကိုနားလည်သည်

“ငါတို့ယူထားတယ်လို့ ပြောချင်တာလား”

”အဆင့်မြင့်ဖြေဆေးနဲ့ကျင့်ကြံနည်းစနစ်ကိုဘယ်သူမလိုချင်ဘဲနေမလဲ....တယောက်တဝက်ခွဲမယ်လို့ ငါတို့သဘောတူပြီးသားမဟုတ်လား..."

မြောင်ယန်သည် ဒေါသအလွန်ကြီးသည်။ သူ့ကိုမနာခံသူအားလုံးကိုလုံးဝခွင့်မလွှတ်ပေ။ ဝတ်ရုံနက်နဲ့လူ၏စကားကိုကြားသော် တခြားဘာမှမစဥ်းစားနိုင်တော့။

“မင်းမှာအစွမ်းရှိရင်လာရှာကြည့်။ မင်းတို့လင်မျိုးနွယ်စုက လူအနည်းငယ်ကလွဲပြီး ဘာများကူညီခဲ့လို့လဲ။ ဒီပွဲမှာ အများဆုံးပါဝင်တာ မြောင်မျိုးနွယ်စုဘဲ။ အဲဒါကိုတဝက်စီခွဲမယ်တဲ့လား”

ထိုလူသည်ဒေါသအိုးပေါက်ကွဲလေသည်။

“ကတိမတည်တဲ့ကောင် ငါ့ကိုဒီလိုစော်ကားရဲတယ်ပေါ့”

မြောင်ကျန်းသည် သူတို့နှစ်ယောက်စကားများနေသည်ကိုကြည့်၍ဖြန်ဖြေပေးရန်လုပ်လိုက်သည်။

“ဒုခေါင်းဆောင်စိတ်အေးအေးထားပါ။ ကျွန်တော်သားက ငယ်ရွယ်ပြီး ကလန်ကဆန်နိုင်လွန်းတယ်။ သူနဲ့တုဖြစ်မနေပါနဲ့”

အော်ဒီလိုဆိုထိုလူကကောက်ကျစ်သောဒုခေါင်းဆောင်ပေါ့။

ဒုခေါင်းဆောင်ရယ်လိုက်သည်။ သူနဲ့မြောင်တို့ကြားဆက်ဆံရေးကိုတွေးဆ၍အသာနေလိုက်သည်။

“ဒီရတနာတွေ လေလံအိမ်မှာမရှိဘူး။ လင်မိုကသူ့ရဲ့ကျောက်ဆွဲသီးထဲမှာထည့်ပြီးသူနဲ့အတူယူသွားတာဖြစ်နိုင်တယ်”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now