86

269 12 0
                                    

အခန်း (၈၆) လင်မို၏အကြံအစည်။
ခေါင်းဆောင်ကြီးပြောသွားပုံကို ကြည့်လျှင် တရားမျှတမှု ရှိပုံပေါ်လေသည်။သို့သော် သူဘာမျှမပြောသော်လည်း ဒုတိယခေါင်းဆောင်ဘက်ကို ပို၍ ဘက်လိုက်နေလေသည်။
လူအများ၏ မျက်နှာသည်လည်း အမျိုးမျိုးပင်။
မည်သို့ဆိုစေ ဒုတိယခေါင်းဆောင်သည် အပြစ်ပေးမခံရပေ။  ပြဿနာကြီးကို ဘာမှမဟုတ်သကဲ့သို့ ပြောသွားလေသည်။

ဒုတိယခေါင်း‌ဆောင်က ဂုဏ်ယူစွာပြောလေသည်။

“ငါပြောမယ် ပထမခေါင်းဆောင် ဘာလို့အဲလိုလုပ်နေတာလဲ။ ခေါင်းဆောင်ကြီးသိသွားရင်လည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ပြီးတော့ အဲ့လိုလုပ်တာ အကြောင်းရှိတယ် ကျွန်တော့်မှာတာဝန်မရှိဘူး။”

လင်ယီရွှမ်နှင့် အခြားသူများသည် ဒေါသထွက်ကြလေသည်။ သို့သော် သူတို့လုပ်နိုင်တာ ဘာမျှမရှိပေ။

“သိပ်ပျော်မနေပါနဲ့ဦး။ နောက်ဆိုကြုံရအုံးမှာပါ”

ဒုတိယခေါင်းဆောင်သည် တစုံတခု အကြံပေါ်လာဟန်ဖြင့်  ပြုံးလိုက်လေသည်။

“ကျွင်းယန်က လျှောက်သွားနေတဲ့ ပထမဆုံးသရဲပဲ။ သူကအကြီးအကျယ် ဒဏ်ရာရပြီး မေ့သွားတယ် ပြောကြတယ်။ သူပျက်စီးသွားတာ ထင်တယ်”

လင်ယီရွှမ်နှင့်လင်ဝမ်တို့၏ မျက်နှာထား ပြောင်းသွားလေသည်။
ဒုတိယခေါင်း‌ဆောင် အနည်းငယ် ဝမ်းနည်းသွားလေသည်။ ထိုအရာကို သူသိုဝှက်၍ မရပေ။

“ညီလာခံဆီ သူ့ကို ဖိတ်တယ်လို့ ကြားတယ်။အခုလိုဆိုရင် သူမတက်နိုင်မှာ နာလိုက်တာ”

ထိုသို့ပြောပြီးနောက် သူထွက်သွားလေသည်။
လင်ဝမ်သည် သူ၏စိတ်ကိုမထိန်းနိုင် လိုက်ဖို့ပြင်လေသည် သို့သော်သူ့ဖေက ဝင်ဆွဲထားလိုက်လေသည်။

“သူတို့လွန်သွားပြီ။ ကျွန်းယန်ဒဏ်ရာရတာတောင် သူ့ပယောဂ မကင်းနိုင်ဘူး”

လင်ကျွင်းယန်သည် ပထမခေါင်းဆောင်မျိုးဆက်တွင် အစွမ်းရှိဆုံးပုဂ္ဂိုလ် ဖြစ်လေသည်။ လင်မျိုးနွယ်စုတွင် လင်မိုပြီးနောက် ပါရမီရှင်ဖြစ်လေသည်။ သူသည်သာဒုတိယခေါင်းဆောင်နှင့် အခြားခေါင်းဆောင်များကို ဖိနှိပ်ထားနိုင်သည်။
သို့သော် အစွမ်းကြီးသော နတ်ဆိုးသားရဲတကောင်ကြောင့် အခုတော့ အိပ်ယာထဲတွင် သတိမရသေးပေ။ ထိုအချိန်က ဒုတိယခေါင်းဆောင်နှင့်အခြားလူများလည်း ဒဏ်ရာရခဲ့ကြလေသည်။ သို့သော် လင်ကျွင်းယန်လောက် မရခဲ့ကြပေ။
သားအဖနှစ်ယောက်သည် ထိုကိစ္စနဲ့ပတ်သက်၍ ဒုတိယခေါင်းဆောင်ကို သံသယရှိကြလေသည်။ သို့သော် ဘာသက်သေမှ မရှိပေ။ ထိုအတွက်ကြောင့်သာ သူတို့သည် ခေါင်းဆောင်နေရာနဲ့ ဝေးရမလို ဖြစ်နေသည်။
လင်ယီရွှမ်ကပြောသည်

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now