20

347 26 1
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၂၀
အဆင့်နိမ့်ဝိညာဥ်ကျောက်တုံးတသိန်းဖြင့်လေလံအိမ်ကိုရောင်းချခြင်း

“ဒီလိုပိုင်ရှင်ကလေလံအိမ်ကိုရောင်းပစ်ရတာမထူးဆန်းပါဘူး။ ကပ်စေးနှဲပြီးဘာအသိဥာဏ်မှမရှိဘူး။ သူမစော်ကားခံရတဲ့လူလည်းမရှိသလောက်ဘဲ။ ဒါမှမပျက်စီးရင်ဘယ်လိုလူပျက်စီးမလဲ”

“ပိုင်ရှင်အသစ်ကဒီလေလံအိမ်ကိုပြန်အဖတ်ဆယ်နိုင်မလားစောင့်ကြည့်ရမှာပေါ့”

လေလံအိမ်ဘေးကလူများတယောက်တပေါက်ဖြင့်ပြောဆိုနေကြလေသည်။ အရင်ဆိုင်ပိုင်ရှင်၏စိတ်မရှည်မှုကိုကောင်းကောင်းကြီးသိကြသည်။ သူတို့ပြောပုံအရဆိုလျှင်ဒီဆိုင်သည်ထိုလူ၏တုံးအမှုကြောင့်ဖြစ်နေသည်။
လေလံအိမ်သည်နေရာကောင်းတွင်တည်ရှိနေသည်။ ထူးပြီးစျေးခေါ်နေဖို့မလို။

ပိုင်ရှင်အသစ်ပြောင်းသွားသည်ဆိုလျှင်ပင်လူတွေကြားဟိုးလေးတကြော်ဖြစ်လာသည်။
ထိုဟာကိုအခွင့်ကောင်းယူ၍ချင်းယန်မြို့တွင်ပထမဆုံးမှတ်တိုင်စိုက်ရန်ပြင်ဆင်တော့သည်။

“ငါတို့လေလံအိမ်မှာအဆင့်မြင့်အဆင့်ငါးပစ္စည်းတွေရှိရမယ်။ မင်းရဲ့ထောက်ပံ့မှုကိုမျှော်နေတာ”
ထိုသို့ကြေညာလိုက်သည်နဲ့ဟိုးလေးတကျော်ဖြစ်သွားသည်။
ချင်းယန်မြို့တွင်အဆင့်ငါးပစ္စည်းများသိပ်မရှိသေး။
“တကယ်။ အဆင့်မြင့်အဆင့်ငါးပစ္စည်းတွေလား။ ဒီလူတမင်ကြွားနေတာလား”

“ဒီလူကဒီဆိုင်ကိုအတန်းနိမ့်ဝိညာဥ်ကျောက်တုံးတသိန်းနဲ့စျေးမဆက်ဘဲဝယ်ထားတာ။ ဖြစ်နိုင်တယ်ဒီလူမကြွားလောက်ဘူး။ “

“ဟုတ်တယ်။ နာမည်ပျက်ခံပြီးဘယ်သူကပြောမလဲ”
“ဒီမြို့မှာလေလံအိမ်ကြီးတာဆိုလို့နှစ်ခုဘဲရှိတယ်။ ဒီဆိုင်တွေကလည်းပြိုင်ဘက်တွေဘဲ။ တယောက်ကတော်ဝင်မျိုးဖြစ်ပြီးနောက်တယောက်ကမြောင်မိသားစုကဘဲ။ ဒီလူကဘယ်မျိုးနွယ်စုကလဲ”

လူတိုင်းလင်မို၏နောက်ကြောင်းကိုစုံစမ်းနေကြသည်။ သူ့အကြောင်းကားသိရန်ခက်ခဲနေသည်။ ဘယ်တော့ဖွင့်မလဲဟူ၍မျှော်တလင့်လင့်ဖြစ်နေကြသည်။
လင်မိုတယောက်လေလံအိမ်ကိုပြန်လည်မွမ်းမံနေချိန်တွင် ဝူကျင်းနှင့်အစောင့်ငါးတို့ရောက်လာကြသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now