49

290 19 0
                                    

အပိုင်း ၄၉ ဟွမ်မိသားစုဆီသို့သွား၍ဟွမ်ကျစ်ယွင်ညီအမနဲ့ယှဥ်ပြိုင်တိုက်ခိုက်ခြင်း

စစ်မှန်သောစွမ်းအားသည်သူ၏ခန္ဓာကိုယ်တွင်လည်ပတ်၍  လင်မို သည်အဆုံးမရှိသောစွမ်းအားကိုခံစားရလေသည်။သူ၏ခန္ဓာကိုယ်မှသွေးကြောများသည်စွမ်းအားတို့ဖြင့်ပြည့်နှက်နေသည်။
သူ၏အစွမ်းကအဆင့် ၄ ဝိညာဥ်စုစည်းနယ်ပယ်သိူ့ရောက်တော့မည်ဟုလင်မိုခံစားရသည်။
အမြင့်တက်ဖို့တဆင့်သာလိုတော့သည်။ သို့သော် သူအလျင်စလိုမလုပ်ချင်သေး။ မည်သို့ဆိုစေ အခြေခိုင်ဖို့အရေးကြီးဆုံးဖြစ်လေသည်။
ထိုအချိန်တွင် လင်မိုသည် ပြီးပြည့်စုံသောရွှေဒိုင်းကာသိုင်းကိုစတင်လေ့ကျင့်လိုက်လေသည်။

ရွှေရောင်လက္ခဏာသည်လေထဲတွင်ပေါ်လာသည်။ ထူးဆန်းသော်ကမ္ဘာသို့ရောက်သွားသည်ဟုခံစားရသည်။ ပြီးပြည့်စုံသောရွှေဒိုင်းကာသိုင်း၏အစွမ်းသည်သူထင်ထားသည်ထက်ပို၍အစွမ်းကြီးလေသည်။
မပြည့်စုံသေးသောအပိုင်းကိုထည့်လိုက်ပြီးနောက် ထိုမှထွက်လာသောအစွမ်းသည်ဖျက်ဆီး၍မရနိုင်ပေ။ ဘယ်ပြင်ပပယောဂမှတား၍ရမည်မဟုတ်ပေ။
ဖျတ်ခနဲကြည့်လိုက်လျှင်ထိုလှုပ်ရှားမှုများသည်ရိုးရှင်းသည်ဟုထင်ရသော်လည်းသေချာလေ့လာကြည့်လျှင်အနန္တအဆုံးမရှိကျယ်ပြောလေသည်။ ထိုဟာသည်အင်မတန်အစွမ်းကြီးသောခန္ဓာကိုယ်ကြံခိုင်ခြင်းဆိုင်ရာကိုယ်ခံပညာဖြစ်လေသည်။

ရွှေ‌ဒိုင်းကာသိုင်းပညာအရ အနန္တအစွမ်းသတ္တိတို့သည် လင်မိုခန္ဓာကိုယ်ထဲမှအဓိကသွေးကြောတို့တွင်လှည့်ပတ်သွားလာစီးဆင်းနေ၍ သူ့၏ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးလေသည်။
လင်မိုမန္တန်ကိုရွတ်လိုက်သည်။ သူ၏စိတ်ထဲတွင်အခြားတယောက်ရှိနေသည့်ပမာ။

ထိုရွှေဒိုင်းကာသိုင်း၏လှုပ်ရှားမှုများကိုခင်းကျင်းပြသလျက်ရှိသည်။ သူ၏နဖူးမှချွေးတပေါက်ပေါက်ကျလျက်ရှိလေသည်။ လေထဲတွင်အင်မတန်ကြီးမားသောတူကြီး‌တချောင်းပေါ်လာသည်။ ထိုတူ၏အစွမ်းဖြင့်ကောင်းကင်နှင့်မြေကြီးကိုရိုက်ခွဲနိုင်စွမ်းရှိ၍ သူ့ကိုပင်အစိပ်စိပ်အမွှာမွှာဖြစ်အောင်လုပ်နိုင်စွမ်းရှိလေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now