68

239 17 0
                                    

အခန်း( ၆၈) ဝူကျင်းသေဆုံးပြီ....မြောင်ကျင်း ဒဏ်ရာပြင်းထန်စွာ ရထားသည်။

သေတ္တာကိုဖွင့်လိုက်ရာ ဆေးလုံးရနံ့သည်သူ့နှာခေါင်းသို့လာတိုးလေသည်။သေတ္တာထဲတွင် ဆယ်ခုထက်မနည်းသော ဆေးလုံးများကိုအတန်းလိုက်စီထားလေသည်

သူထွက်သွားဖို့ ဒီမြေခွေးအိုကြီးသည်ပိုက်ဆံများများသုံးချင်နေလေသည်။ လင်မိုက စိတ်ရှုပ်ထွေးမှုကိုလူသိမခံခဲ့ပေ။ မြောင်ကျန်းနဲ့ဆက်ဆံရေးသည်တခုခုမှားနေသည်။

“မြောင်ခေါင်းဆောင်က အရမ်းယဥ်းကျေးတာဘဲ။ ဒီလောက်များတဲ့ငွေကို ကျွန်တော်ဘာလို့လက်မခံနိုင်ရမှာလဲ”

မြောင်ကျန်း ဘာမှမပြောသော်လည်း လင်မိုသည်ထွက်ခွာသွားရပေမည်။ သူသည် ဆေးလုံးများကိုအလကားရနိုင်လေသည်။ မည်သို့ဆိုစေ ချင်ယန်မြို့ကသူ့ကိုယူလာပေးသော တိုးတက်မှုသည်ဘာမျှမရှိ။ အကောင်းဆုံးသည် ဒီနေရာမှမြန်မြန်ထွက်သွား၍ ပိုကောင်းသောနေရာသို့ဦးတည်ခြင်းသာဖြစ်လေသည်။

လင်မိုသည် တော်ဝင်မြို့မှကမ်းလှမ်းချက်ကိုရရှိထားသည်။ သူသည်မျိုးနွယ်စုထဲတွင်မနေနိုင်သော်လည်း တော်ဝင်မြို့ကို သွား၍ရသေးသည်။

လင်မိုသဘောတူသည်ကို မြောင်ကျန်းအံ့အားသင့်နေသည်။ သူထင်ခဲ့သည်ကအချိန်ပေးပြော၍သော်လည်းကောင်း တိုက်ခိုက်၍သောလည်းကောင်းလုပ်မှရမည်ဟုထင်ခဲ့လေသည်။

”ဒီလိုဆိုလူတိုင်းပျော်ကြမှာ။ ဘယ်တော့ထွက်မလဲသိပါရစေ”

သူ့စကားသွားကိုကြည့်လျှင် လင်မိုကို ဒီမြို့တွင်မနေစေချင်မှန်း သိသာနေသည်။

”ရက်အနည်းငယ်နေပြီး.......”

မြောင်ကျန်း ခဏတဖြုတ်စကားပြောလေသည်။ လင်မိုမြောင်ကျင်း၏စိတ်သဘောထားအမှန်ကိုမသိသေး။

သို့သော်သူစိတ်ထဲတွင် မအီမသာခံစားနေရလေသည်။ မြောင်ကျန်းနှင့်အခြားသူတွေ ဆက်ထိန်းမထားနိုင်ဘဲ လှုပ်ရှားတော့မှာလား။

လှည့်ပတ်ကြည့်သော် အင်အားကြီးသောစွမ်းအားအနည်းငယ်ကိုခံစားမိလေသည်။ သို့သော် သူ့အတွက်စိုးရိမ်စရာမရှိ။ မြောင်မျိုးနွယ်စုသည်အင်အားကြီးလေသည်။ အဘယ်ကြောင့်အစွမ်းထက်သော ကျွမ်းကျင်သူများ နည်းပါးနေရသနည်း။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now