14

351 29 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၁၄
(တံခါးလာခေါက်၍လင်မိုလှုပ်ရှားခြင်း)

“ဒါပေမယ့်....”
လင်မိုကဝူကျင်းကိုအေးအေးဆေးဆေးကြည့်လိုက်သည်။
“သူ့ကိုပေးလိုက်ပါ။ တခုတော့ရှိတယ်တန်ရာတန်ကြေးမပေးဘဲဘယ်ကောင်မှထွက်သွားလို့မရဘူး”
ဒဲ့ပြောလိုက်သည်။ သို့သော်အမာရွတ်နဲ့လူကမတုန်မလှုပ်လှမ်းယူလိုက်သည်။ မကြားချင်ယောင်ဆောင်လိုက်သည်။
အခြေအနေကဂွကျကျ။
လင်မိုတည်တည်ငြိမ်ငြိမ်ပြောလိုက်သည်”ခင်ဗျားကမပေးဘူးပေါ့”

ထိုလူကနှာခေါင်းရှုံ့လိုက်ပြီးပြတ်ပြတ်သားသားပြောသည်”ငါဒီကိုလာတာတောင်မင်းတို့
ဂုဏ်ယူရအုံးမယ်။ ငါ့ဆီကတောင်းရဲသေးတယ်ပေါ့။
လင်မို၏မျက်လုံးကတောက်ပ၍ကြည်လင်နေသည်။ တုတ်တုတ်မျှမတုန်လှုပ်။ အမာရွတ်နဲ့လူကသာအနည်းငယ်တုန်လှုပ်သွား၍တဖက်သို့လှည့်သွားသည်။
ဒေါသတကြီးပြေသည်”အစုတ်ပလုတ်လေလံအိမ်ကများ။ သောက်ရူးတွေ။ ကဲပေါ်တင်ဘဲလုယူလိုက်ပါလား။ ဘာမှပေးစရာမလိုဘူး။ လင်မိုဆိုတဲ့ကောင်ဘာအစွမ်းမှမရှိဘူး။ မင်းတို့ကိုအရူးလုပ်နေတာကွ။”
လူအုပ်ကြီးကဟိုကြည့်ဒီကြည့်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။
ထိုလူကဘေးကိုဆံ‌ထွေးလှည့်ထွက်လိုက်သည်။

“မင်းတို့အားလုံးငတုံးတွေဘဲ။ တယောက်မှဒီဂျလေဘီကိုပြန်မလုပ်ရဲကြဘူး”
ထိုစကားကြားသောအခါ တချို့လူတွေရဲ့မျက်နှာထားပြောင်းသွားသည်။
အမာရွတ်နဲ့လူပြောလည်းပြောချင်စရာ လင်မိုကဘယ်တော့မှအစွမ်းမပြခဲ့။ သူ့ကြည့်ရသည်မှာသာမာန်လူတယောက်နဲ့ထူးမခြားနား။
‘သူလိုသာမာန်လူတယောက်ကဒီလောက်ပစ္စည်းတွေအများကြီးကိုဘယ်လိုစုဆောင်းလဲ။ အဆင့်ငါးပစ္စည်းတောင်ရလိုက်သေး။’

ထိုသို့တချို့လူတွေတွေးကြသည်။ လင်မိုကသူ့ရဲ့အဆင့်ကိုပြဖို့တချို့သိုင်းတွေပြကောင်းပြခဲ့လိမ့်မည်။
အစကတော့လင်မိုဟာနိမ့်ချနေသည်ဟုထင်သည်။ ထိုအမာရွတ်နဲ့လူပြောမှ တခုခုထူးခြားတာသွားတွေ့ရသည်။
သွေး‌သောက်ခေါင်းဆောင် ကျူရင်းမြို့အရှင်နှင့် အခြားအစွမ်းရှိသောနာယကလူကြီးများထိုတင်းမာမှုကိုမြင်လေလျှင်စိတ်လှုပ်ရှားလေသည်။ သူတို့သည် ဒေသခံများမဟုတ်။ ထို့ကြောင့်ဝရုန်းသုန်းကားဖြစ်သွားလျှင်လည်းဂရုမစိုက်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now