50

280 21 0
                                    

အပိုင်း ၅၀ သရေပွဲ။ မပြည့်စုံသေးတဲ့သိုင်းပညာကိုလိုချင်တာလား။

“အကိုလင်ဂရုစိုက်နော်”
ညီအမတို့၏အသံသည်မိုးကုတ်စဝိုင်းမှလာသကဲ့သို့ပင်ထင်ရလေသည်။ သို့သော်စက္ကန့်ဝက်မျှကြာသော်ပုံရိပ်တခုသည်သူတို့၏ရှေ့တွင်ပေါ်လာလေသည်။ကံကောင်းစွာပင် လင်မိုကလင်မြန်စွာရှောင်လိုက်နိုင်သည်။
‌သို့သော် ဟွမ်ကျစ်ယွင်၏တိုက်ခိုက်မှုကိုရှောင်လိုက်စဥ်မှာပင် ဟွမ်ကျစ်ရို့သည်ပေါ်လိုက်ပျောက်လိုက်ဖြင့်လှုပ်ရှားနေသည်။ သူတို့နှစ်ဦးသည်အဆက်မပြတ်လှုပ်ရှားလေသည်။

တိုက်ပွဲတလျှောက်ထိုညီအမတို့သည်အလေးအနက်တိုက်ခိုက်ကြလေသည်။ သူတို့၏လှုပ်ရှားမှုတို့သည်လျင်မြန်လွန်းလှ၍မည်သူဟုပင်ခွဲခြားရန်မတတ်နိုင်တော့ပေ။ သူတို့၏လှုပ်ရှားမှုသည်တထေရာတည်းဖြစ်လေသည်။ လင်မိုသည်နှစ်ဖက်ညှပ်တိုက်ခိုက်ခံနေရလေသည်။ ထိုညီအမတို့၏အားနည်းချက်ကိုသူရှာ၍မရတော့ပေ။ အကြီးမသည်လျင်မြန်စွာခံစစ်လုပ်နေစဥ်အငယ်မကထိုးစစ်ဆင်တိုက်ခိုက်လေသည်။

“အချိန်ပြည့်ပြီ..”

သူတို့သုံးယောက်ရပ်လိုက်လေသည်။ သူတို့သည်တိုက်ခိုက်မှုတွင်စိတ်နှက်နေ၍အချိန်ကုန်မှန်းပင်သတိမထားမိ။
အမွှေးတိုင်မီးသည်ငြိမ်းကျသွားလေပြီ။
“သရေ”
ပြိုင်ပွဲသည်သရေကျလေသည်။ ပရိသတ်၏သြဘာပေးမှုသည်မိုးထိမျှဆူညံသွားလေသည်။ဟွမ်ကျင်း၏မျက်နှာသည်အားကျမှုလေးစားမှုတို့ဖြင့်ပြည့်နှက်နေသည်။

“ဒီနေ့တော့ငါတို့ရဲ့အမြင်တွေပွင့်လာပြီ။ ဒီညီအမနှစ်ယောက်ကိုခုခံနိုင်သူအရင်ကမရှိခဲ့ဘူး။ “
သာမာန်လူတယေက်သည်ထိုညီအမကိုခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်။ ဘယ်လိုတိုက်ခိုက်သွားသည်ကိုပင်သိလိမ့်မည်မဟုတ်။ ညီအမနှစယောက်သည်အံ့သြဘနန်းဖြစ်ကြရသည်။ သူတို့၏အစွမ်းသည်မထက်‌သော်လည်းလျင်မြန်မှုနဲ့လှုပ်ရှားမှုတို့တွင်သူတို့ကိုယှဥ်ပြိုင်နိုင်သူရှိလိမ့်မည်မဟုတ်။

ဟွမ်ကျစ်ယွင်ကပြောသည် “အကိုလင်ရဲ့ခွန်အားကမဆိုးပါဘူး။ ဒါပေမယ့်ကျွန်မတို့ကမီးကုန်ယမ်းကုန်တိုက်ခိုက်တာတော့မဟုတ်သေးပါဘူး။”
လင်မိုလည်းအားကုန်တိုက်ခိုက်ခြင်းမဟုတ်သည်ကိုသူတို့မသိ။
အားသွန်ခွန်စိုက်တိုက်ခိုက်လျှင်ထိုညီအမကိုအနိုင်သိမ်းနိုင်လေသည်။
ထိုညီအမကိုဒုက္ခမရောက်စေချင်။ သို့သော်သူရှုံးလျှင် ဟွမ်မျိုးနွယ်စုကသူ့ကိုအထင်သေးပေလိမ့်မည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now