70

242 14 0
                                    

အခန်း(၇၀)အင်မတန်တုန်လှုပ်သွား၍ လင်မိုတစ်ယောက် ရူးသွားပြီလား.....

လင်မို နားလည်သည်။ တူနန်ဖန်းသည် မြောင်မျိုးနွယ်စုနှင့်ဆက်ဆံရေးမကောင်းသော်လည်း သူတို့နှစ်ဦးသည် အသေအကြေတိုက်ရလောက်သည့် ရန်ငြိုးမျိုးမရှိခဲ့ကြပေ။

သူတို့နှစ်ဦးသည် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နေထိုင်ကြလေ သည်၊၊တူနန်ဖမ်းသည် လင်မိုကိုကူညီရန် သူ၏မျိုးနွယ်စုတစ်ခုလုံးကို အနစ်နာခံ ဖို့မလိုအပ်ပေ။

“ မြောင်မျိုးနွယ်စုဘက်က လှုပ်ရှားလိုက်ပြီ....  သူတို့ကအကြင်နာတရားမရှိကြဘူး.... အဲ့တော့ မင်းကိုလက်လွှတ်ပေးမှာ မဟုတ်ဘူး “

တူနန်ဖန်းသည် ထိုပြဿနာထဲတွင် တိုက်ရိုက်ဝင်မစွက်ဖက်နိုင်သော်လည်း လင်မို​ကို ကူညီဖို့ရန် ပြဿနာ မဟုတ်ပေ၊၊

‘’ မြောင်မျိုးနွယ်စုက မင်း ငါတို့နဲ့အတူရှိနေတာကို သိတယ်ဆိုရင်တောင် လောလောဆယ်သူတို့ဘက်က အရင်စလို မလှုပ်ရှားရဲလောက်ဘူး... အချိန်ကြာလာရင်တော့ ဒီမြို့ကနေ ငါ မင်းကို ကယ်ထုတ်ပေးမယ်’’

ထိုအစီအစဉ်သည် မဆိုးလှပေ။  သို့သော် လင်မိုငြင်းဆန် လိုက်သည်၊၊

‘’ ခုလိုကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ....
တူခေါင်းဆောင် ...ကျွန်တော့်ပြဿနာ ကျွန်တော်ကိုယ်တိုင်ဖြေရှင်းပါ့မယ် “

တူနန်ဖန်းက မေးလိုက်လေသည်။

’’ အခု မင်းဘာလုပ်မှာလဲ ..ဒီကနေထွက်သွားပြီးတခြားမှာ ပုန်းရှာင်နေမလား ‘’

လင်မိုက ပြန်ပြောလိုက်သည်

“ထွက်သွားရမယ်... ဟုတ်လား .... ကျွန်တော်
သေချင်သေပါစေ မြောင်မျိုးနွယ်စုကို ဖျက်ဆီးပြမယ် “

လင်မိုသည် ထမင်းစားရေသောက်ပမာ လွယ်လွယ်လေးပြောလိုက်သော်လည်း ထိုစကားသည် တူနန်ဖန်းနှင့် တူဝမ်တို့အတွက် ဧရာမ အနူမြူဗုံးကြီး ပေါက်ကွဲသကဲ့ သို့ ဖြစ်သွားစေသည်။

‘’ သခင်လင် စိတ်ခြောက်ခြားနေလို့လား ‘’

တူဝမ်၏ စကားက လင်မိုရူးများရူး နေသလားလို့ ပြောလေသယောင်ပင်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now