27

331 22 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၂၇
လေလံပစ်သူ ငွေမပြတ်တတ်

ဝူကျင်း က အပြိုင်အဆိုင်လေလံဆွဲနေကြသူများကို ကြည့်ကာ သူပါလေလံပွဲအတွင်းသို့ ဝင်ချင်လာသည်။ လင်မို ကမူ စိတ်ဝင်စားဟန်ပင် မပြချေ။
"သခင်လေး ..........ဘာမှကြိုက်တာ မတွေ့ဘူးလား.....ဒီမှာကို ..........။"

လင်မို က ခေါင်းခါပြကာ " ဒီပစ္စည်းတွေ ငါမှ မလိုတာ .။ ငါ့ ဝိဉာဉ်ကျောက်တုံးတွေကို မဖြုန်းချင်ပါဘူး။"

"နောက်ထပ်လေလံတင်မယ့်ပစ္စည်းကတော့ အဆင့် ၄ လှုပ်ရှားမှုနည်းစနစ်  ဖှုန်ထွက်ခြေလှမ်း ပဲ ဖြစ်ပါတယ်ခင်ဗျ ...........။ ဖွင့်ဈေးကတော့ အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး ၈၀၀၀ ပဲ ဖြစ်ပါတယ် ခင်ဗျ။"

" ဒီ အဆင့် ၄ နည်းစနစ် ဟာဆိုရင်ဖြင့် အမှန်တကယ်ကို ထူးခြားသည့်အပြင် အဆင့်  ကိုလည်း တက်ရောက်စေနိုင်ပါတယ်ဗျ.။  ကျင့်စဉ်ပြီးမြောက်ပြီးသား ပညာရှင်များကိုဖြင့် လိုသလို  ကိုယ်ပျောက်စေနိုင်တဲ့ အစွမ်းသတ္တိကို ရရှိစေနိုင်ပါတယ်ခင်ဗျာ .............။ ဝိဉာဉ်စုဝေးနယ်မြေမှအပ ဘယ်နေရာ ဘယ်သူမှ မတွေ့မြင် မဖမ်းဆီးနိုင်ပါဘူး ခင်ဗျာ ............"

ဒါကို ကြားပြီးနောက်မှာတော့  လင်မို က လေလံပွဲကို စိတ်ဝင်စားသွားလေသည်။ သူ့တွင် ထိုကဲ့သို့သော ကျင့်စဉ်မရှိပေ။ ထိုကျငိ့စဉ်နှင့်သာဆိုလျှင် ရန်သူများအား နောက်ယောင်လည်း ခံနိုင်သကဲ့သို့ ရနိသူများ၏ ဖမ်းဆီးခြင်းခံရလျှင်လည်း လွတ်မြောက်နိုင်သည်။
"အဆင့်နိမ့် ဝိဉာဉ်ကျောက်တုံး ၉၀၀၀"

လူတိုင်းကလည်း ထိုကျငိ့စဉ်ကို စိတ်ဝင်စားသည်ဆိုသည်က အသိသာကြီးပင်မို့ အားလုံး သူ့ထက်ငါအပြိုင် လေလံဆွဲကြလေတော့သည်။

" အဆင့်နိမ့်ဝိဉာဉ်ကျောက်တုံး ၁၅၀၀၀ " ဟု လင်မို က အော်လိုက်လေသည်။
ခန်းမတစ်ခုလုံးက တိတ်ကျသွားလေသည်။ လင်မို က ထိုမျှမြငိ့သော ဈေးကိုပေးမည်ဟုလည်း မထင်ထားကြပေ, ။ သူ၏ ဖောက်သည်တချို့ကမူ သူ့အကြောင်းကို သိကြ၍ သိပ်တော့ အထူးအဆန်းမဖြစ်ပေ။

"အဲ့လူက ဟိုလေလံအိမ်ပေါက်စရဲ့ ပိုင်ရှင်အသစ်မို့လား? ။ သူက ဒီရောက်နေမယ်လို့တောင် မထင်ထားဘူး ။"
"ဟုတ်တယ်ဟေ့.............သူက အဆင့် ၆ နည်းစနစ် ကိုတောင် လေလံပစ်တာနော်။ ငါ အဲ့မှာမရှိလိုက်တာ နာတာပဲ .။ အဲ့ပစ္စည်းကို မမြင်လိုက်ရဘူး ။"

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now