4

412 29 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၄
(အကောင်းမရှိ)

လင်မို ကတော်တော်ကြာအောင် စိတ်လှုပ်ရှားနေခဲ့သည်။ မူလကိုယ်ပိုင်ရှင်သည် ကောင်းကင်ကုသဆေးလုံး ကို ယခင်က ကြားပင်မကြားခဲ့ဘူးချေ။ လင်မိသားစုက အင်အားတောင့်တင်းသည့်မိသားစုဖြစ်ပြီး မူလကိုယ်ပိုင်ရှင် ကလည်း လူတော်တယောက်ဖြစ်သည်ကိုပင် ဤဆေးလုံးကို မမြင်ဖူးသည်ကို ကြည့်၍ပင် မည်မျှအဖိုးတန်ကြောင်း သိနိုင်သည်။

ဤဆေးလုံးရှိနေခြင်းက အသက်ကယ်ဆေးရှိနေသည်နှင့် အတူတူပင်ဖြစ်သည်။ ကျင့်ကြံရာတွင် မည်မျှမှားယွင်းနေသည်ဖြစ်စေ ဤသည်ကပင် ပြန်လည်ကုသပေးသွားမည် ဖြစ်သည်။

ကျင့်ကြံရေးသမားတိုင်း၏ မျှော်လင့်ချက်ဟု ပြောလျှင်လည်း လွန်မည်မဟုတ်ပေ။ ဒါကို လင်မို က အလွယ်တကူရခဲ့သည်။ ဤသတင်းသာ ပေါက်ကြားသွားပါက ကြားရသူတိုင်း ဒေါသထွက်လွန်း၍ သေသွားနိုင်ပေသည်။ သူနှင့် လူများကြားတွင် သိပ်ရင်းနှီးမနေရန် လိုအပ်ပေသည်။

လင်မို သည် သူ့ကိုယ်သူ စိတ်တည်ငြိမ်သွားမှ ဒုတိယပစ္စည်းကို လေလံစတင်လေသည်။ ဒုတိယပစ္စည်းကတော့ သူ၏ကိုယ်ပိုင်ဓါးပင် ဖြစ်လေသည်။ ယခုလက်ရှိ အခြေအနေများသည် အတိတ်ကနှင့် မတူတော့ပေ။ဓါးသည် သတ္တုကောင်းနှငိ့ လုပ်ထားပြီး ပါးလျကာ ထက်ရှသော်လည်း သာမန်ပစ္စည်းမျှသာ ဖြစ်လေသည်။ အထူးတလည် စွမ်းရည်သတ္တိများ ရှိမနေပေ။

အဆုံးတွင်တော့ အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံး အတုံး ၁၅၀၀ နှင့် ဈေးတည့်သွားလေသည်။

"[ဒင် .........ဓါးကို လေလံတင်ပြီးပါပြီ.။]
"[အဆတစ်ထောင် ပြန်အမ်းပစ္စည်း ရရှိပါမည်။]

[သင် အလယ်အလတ်ထက်အဆင့် ၇ ငွေရေခဲအလင်း  ဓါးကို ရရှိပါသည်။]

ဒီဓါးက လင်မို အား ဆေးလုံးလောက်တော့ ရင်မခုန်စေပေ။ အဆတစ်သောင်း ပြန်အမ်းပစ္စည်းနှင့် အဆတစ်ထောင်ပြန်အမ်းပစ္စည်းက အတော်လေးတော့ ကွာခြားလေသည်။ ကြည့်ရသည်မှာတော့ သူကံဇာတာတက်လာပြီ ထင်သည်။ အစကတည်းကပင် ကံကောင်းနေလေပြီ။
ယခုပြန်အမ်းပစ္စည်းသည်လည်း မကောင်းသည်တော့ မဟုတ်ပေ။ ရွာခေါင်းဆောင်နှင့် ကြေးစားဂိုဏ်းခေါင်းဆောင်နှစ်ယောက်၏ လက်နက်များနှင့်ယှဉ်လျှင်ပင် အဆပေါင်းများစွာ သာလွန်ပေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now