80

240 15 0
                                    

အခန်း(၈၀) ခေါင်းဆောင်ကြီးသည်နေမကောင်းဖြစ်နေ၍ လင်မိုလည်းလင်မျိုးနွယ်စုထံပြန်လာလေပြီ။

လင်မိုနှင့် မြောင်ကျန်းတို့၏ နောက်ကျောကိုကြည့်လျှက် တူနန်ဖန်းနှင့်ဝမ်ကျုံးတို့သည် သက်ပြင်းချလိုက်လေသည်

“ လင်မိုက မျိုးနွယ်စုတစ်ခုလုံးကိုတောင်မှ တိုက်ဖျက်နိုင်တယ်ဆိုတော့ သူ့ရဲ့ခွန်အားက ငါတို့လိုအဖိုးကြီးတွေထက်အ ဆများစွာသာနေတယ်ပေါ့။”

ဝမ်ကျုံးကလည်း ဝင်ပြောလိုက်လေသည်

“ ပြီးတော့ သူကနဂါးအသွင်ကူးပြောင်းခြင်းအဆင့်ကိုတောင် မရောက်သေးခင် မြောင်မျိုးနွယ်စုကို ဖျက်ဆီးလိုက်နိုင်တယ် ။ အခုတော့ ငါတို့မျိုးနွယ်စုသုံးခုပေါင်းပြီး တိုက်ရင်တောင် သူ့ကိုမနိုင်တော့ဘူး “

“ခုခေတ်လူငယ်တွေက တော်တော်ကိုတိုးတက်နေပါလား ငါတို့အဖိုးကြီးတွေတော့ နောက်ကျကျန်နေခဲ့ပြီ နောက်ဆိုရင်လူငယ်တွေခေတ် ရောက်လာတော့မယ်”

လူတိုင်းပြောနေစဉ်တွင် လင်မို၏အတွေးများသည်လည်း ​ပျံ့ကျဲနေလေသည်။
သူသည် လင်မျိုးနွယ်စုကို စွန့်ပစ်ခဲ့တာကြာ၍ ချူရင်းရွာမှချန်ယန်မြို့သို့ ရောက်လာလေပြီ။
သူ့ကိုကူညီသူများကို သူမမေ့ခဲ့ သူ့တွင်ရန်သူများလည်းရှိပေသည်။ ရန်သူတွေ ဘယ်လောက်အားအင်ကြီးကြီး လင်မိုသည် ကြောက်ရွံခြင်းမရှိပေ။
သူကျော်ဖြတ်ရမည့်အရာတွေ အများကြီးရှိလေသည်။ သူသည် တစ်နေရာထဲတွင် အကြာကြီးနေလိမ့်မည်မဟုတ်။
လင်မျိုးနွယ်စုထံ ပြန်ဖို့အရေးသည် အရေးကြီးဆုံးဖြစ်လေသည်၊၊လင်အကြီးအကဲများသည် သူ့အတွက် စိုးရိမ်စရာမရှိသော်လည်း သူ့ကိုမကြာမကြာဒုက္ခပေး လေအုံးမည်။
လင်မိုသည် ရန်ငြိုးလည်းဖွဲ့တတ်၍ ကျေးဇူးလည်းဆပ်တတ်ပေသည်၊၊ လမ်းတဝက်တွင်လင်မိုသည် ချုရင်းရွာမှ ဦးလေးထံအလည်သွားသည်။
လင်မိုပြန်လာကြောင်းကို ချူရင်းရွာသားများကြားသောအခါ သူ့ကိုထွက်၍ ကြိုဆိုကြလေသည်။
အားလုံးသည် အပျော်ကြီးပျော်ကြ၍ သုံးနေ့သုံးည ညစာစားပွဲ ပွဲကြီးပွဲကောင်းလုပ်မည်ဟုကြေငြာလိုက်လေသည်။
ထိုအကြောင်းကို လင်မိုကြားသောအခါ ရယ်ရခက် ငိုရခက် ဖြစ်နေလေသည်။ နောက်ဆုံး၌ လင်မို၏ အကြောက်အကန်ငြင်းဆိုမှု့ကြောင့် ကျေးရွာအကြီးအကဲက အစီစဉ်ကို ဖျက်လိုက်ရလေသည်။
ဦးလေးဝမ်သည် လင်မိုကို တနယ်တကျေးမှ မွေးရပ်မြေသို့ ပြန်လာသောသူသဖွယ်
တစိမ့်စိမ့်ကြည့်နေပေသည်။
ဦးလေးဝမ်သည် လင်မိုကို အတင်းအကြပ်ဆွဲဖက်ထားလေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now