8

381 29 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၈
(လေလံပွဲစတင်ပြီ)

နောက်ဆုံးတွင် ဆေးလုံးကိုဝိညာဉ်ကျောက်တုံးလေးထောင်ဖြင့် ကော်ဝမ်မှဝယ်လိုက်သည်။မူလဈေးထက်လေးဆများလေသည်။ ထိုအချိန် လင်မိုစိတ်ထဲတွင်သတိပေးအချက်သံကြားရသည်။

"ဒင်... အဆင့်သုံးအားဖြည့်ဆေးကိုအောင်မြင်စွာလေလံတင်နိုင်ပါပြီ။"

"အဆ၅၀၀အောင်မြင်စွာပြန်အမ်းပစ္စည်းရရှိပါမည်"

"အဆင့် ၅ အားဖြည့်ဆေးလုံးကိုရရှိပါသည်။"

အဆင့်၅ဆေးလုံး ဖြစ်သော်လည်း ကောင်းကင်အားဖြည့်ဆေး နဲ့နှိုင်းယှဉ်၍မရ။ လောလောဆယ်လင်မိုအတွက်အကျိုးကျေးဇူးများလိမ့်မည်မဟုတ်။

နောက်လေလံပွဲတွင်မှထို ဖရိုဖရဲဆေးလုံး ကို ဝိညာဉ်ကျောက်တုံးဖြင့်လှဲလှယ်ရန်အသုံးပြုဖို့စီစဉ်ထားလေသည်။ ဤနည်းဖြင့် လေလံအိမ်၏နာမည်ကိုဆက်လက်ထိန်းသိမ်းနိုင်ပေလိမ့်မည်။

ထိုစဉ် ဝူကျင်းပြုံးနေသည်။ ပထမလေလံတင်အောင်မြင်ခြင်းကသူ့ကိုယုံကြည်မှုအများကြီးရှိစေသည်။ နောက်ပစ္စည်းတွေအတွက်လည်းအလားအလာကောင်းရှိနေလေသည်။

ဒုတိယပစ္စည်းကတော့အဆင့်လေးရှိတဲ့ဆေးမြစ်၊ သောကကင်းမဲ့မြက်ပင်ပါဘဲ။ တင် ဈေးကတော့အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး၃၀၀၀နဲ့ပါ
ဝူကျင်းရိုရိုသေသေဖြင့်လင်ပန်းကိုယူလိုက်သည်။ ထိုလင်ပန်းထဲတွင်အစိမ်းရောင်သန်း၍နူးညံ့သောအရွက်အနည်းငယ်ရှိလေသည်။ သာမာန်မြက်နဲ့ထူးမခြားနား။ သို့သော်လတ်ဆတ်မွှေးရနံ့ကိုလူတိုင်းခံစားမိသည်။
တင်ဈေးကိုကငါတို့လိုသာမာန်လူတွေမတတ်နိုင်ဘူး

ထိုတင်ဈေးကြောင့်လူအတော်များများနောက်တွံ့သွားသည်။ တဖက်တွင်တော့ လီယွင်ဖေးအပျော်ကြီးပျော်နေသည်။

အားဖြည့်ဆေးတုန်းကသူမရခဲ့တာကိုအတော်လေးပျော်နေသည်။ သူ့အတွက်တော့ သောကကင်းမဲ့မြက်ပင်သည်ပိုကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆေး၏အာနိသင်နှင့်ဆေးအမျိုးအစားကပို၍နူးညံ့သိမ်မွေ့သည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now