94

542 28 4
                                    

အခန်း(၉၄ )ဒုခေါင်း‌‌ဆောင်တုန်လှုပ်ရပြန်ပြီ။ သူအသက်ရှင်နေသေးတယ်...

ဒုခေါင်းဆောင်၏ စိတ်ထဲတွင် ထိုအသံကိုရင်းနှီးသည်ဟုခံစားရသော်လည်းဘယ်ချိန်ကမှန်းမသိတော့ပေ။

ထိုလူကဆက်ပြောလေသည် ။

“ကျွန်တော်ထွက်လာရင် ဒုခေါင်းဆောင်လိပ်ပြာမလုံဖြစ်ပြီးမတွေ့ရဲမှာစိုးတယ်”

“ငါ့ကိုလာစားမနေနဲ့။ ငါကဘာလို့မတွေ့ရဲရမှာလဲ”

“ဒီလိုဆိုလည်းကောင်းပြီလေ”

လင်မိုရုတ်တရက်ပေါ်လာပြီးဒုခေါင်းဆောင်ကိုပြုံး၍ကြည့်ပြီး..
.

“မတွေ့တာလည်းကြာရောပေါ့”

“သ.....သရဲ....”

ဒုခေါင်းဆောင်သည် သူ့မြင်လုံးကို သူမယုံကြည်နိုင် နေ့ခင်းကြောင်တောင်ကြီးတွင်သရဲခြောက်နေ။သလားအောက်မေ့နေသည်။အထစ်ထစ်အငေါ့ငေါ့
ဖြင့် .....

“မဖြစ်နိုင်တာ”

သူသည် ခေါင်းတယမ်းယမ်း မျက်လုံးလေးကလယ်ကလယ်ဖြင့် အရှိုက်ကိုထိုးခံရသူပမာဖြစ်နေရာ ဘေးကလူအများစု နားမလည်နိုင်ကြတော့
ပေ။ အနည်းစုကတော့အကြောင်းသိနေကြပြီဖြစ်သည်။

ချွေးများစိုရွှဲနေသည်အထိ ကြောက်လန့်နေမိသည်။ မြောင်တို့၏အစွမ်းကြီးမှုကိုလည်းသူကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ဖြစ်သည်။

သူပင်လျှင်ထိုဒဏ်၏ရိုက်ခတ်မှုမှအပြည့်အဝပြန်မကောင်းသေးပေ။ လင်မိုကား ဗဟိုချက်မတွင်ဖြစ်သည်။သူဘာကြောင့်အသက်ရှင်ကျန်ရစ်ခဲ့သလဲနားမလည်နိုင်ပေ။

သို့သော် အမှန်တကယ် လင်မိုအသက်ရှင်ကျန်ရစ်ခဲ့သည်ကိုမယုံကြည်၍မရတော့ပေ။

“ဒုခေါင်းဆောင် ကျွန်တော့်ကို မြင်တော့ အံ့သြသွားမှာပေါ့။ အသက်ရှင် မယ်လို့ဘယ်ထင်ထားပါ့မလဲ”

လင်မို၏စကားကြောင့်ကျောထဲစိမ့်သွားလေသည်။ မြောင်တို့တောင်အနိုင်မတိုက်နိုင်ခဲ့ကြပေ။ ခုတော့လင်မျိုးနွယ်စုဆီပြန်လာလေပြီ။

သူသာ ဆက်ကျဉ်နေမည်ဆိုလျှင် ကြောက်မက်ဖွယ်ရန်သူဖြစ်လာနိုင်လေသည်။ ခေါင်းဆောင်အနေဖြင့်အသာထား၍ သူ့ဘဝသည်ပင်အန္တရာယ်ဖြစ်လာမည်။

You've reached the end of published parts.

⏰ Last updated: Jul 29, 2023 ⏰

Add this story to your Library to get notified about new parts!

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now