83

231 16 0
                                    

အခန်း ၈၃ နောက်ကွယ်ကဘယ်သူလဲ။
မှန်လေသည်။ လေလံပွဲစတင်ချိန်တွင်လူကခြောက်ကပ်ကပ်။ ထိုသတင်းပေါက်ကြားသွားလျှင်ရယ်စရာဖြစ်လိမ့်မည်။ ဒီတိုင်းသာဆိုလျှင်လေလံပွဲဖြစ်မြောက်မည်မဟုတ်ပေ။
“ဘာကြောင့်လဲထွက်ပြီးစနည်းနာချေကြ”
မကြာမှီသူ့ငယ်သားပြန်လာ၍အကြောင်းကြားလေသည် “ဒုခေါင်းဆောင် ဒီမြို့မှာအခြားလေလံအိမ်အသစ်တွေ့ခဲ့တယ်။ ဒီနေ့ကသူတို့လေလံပွဲရှိတယ် အဲဒါကြောင့်ဒီကိုမလာကြတာ”
ဒုခေါင်းဆောင်သည်မယုံကြည်နိုင်ပေ။ “လေလံအိမ်အသစ်ဟုတ်လား။ ငါတို့လူတွေကိုသူဘယ်လိုများဆွဲခေါ်သွားပါလိမ့်”


မည်သို့ဆိုစေလင်မို၏လေလံအိမ်ကိုမည်သူမျှမယှဉ်နိုင်ကြပေ။  လင်မျိုးနွယ်စုတို့မယုံကြည်နိုင်အောင်ဖြစ်ကြရလေသည်။
“လူတွေပြောကြတာတော့သူတို့လေလံအိမ်မှာစျေးလည်းအရမ်းချိုပြီး အဆင့်လေးငါးမစ္စည်းကလည်းပေါခြင်းသောခြင်းဘဲတဲ့။ အမြင့်ဆုံးစျေးကတထောင်ဝန်းကျင်ဘဲတဲ့”
လင်မျိုးနွယ်စုလေလံအိမ်တွင်ထိုအဆင့်ရှိသောပစ္စည်းများသည်ခြောက်‌ထောင် ၊ ခုနှစ်ထောင်၊ တသောင်းရှိပေလိမ့်မည်။ ဤမျှလူစည်ကားခြင်းသည်အံ့သြစရာမဟုတ်ပေ။
“တထောင်ဝန်းကျင်ဟုတ်လား။ ဒီလောက်နဲ့ရလို့လား”
ဒါသက်သက်မဲ့လင်မျိုးနွယ်စုကိုစိန်ခေါ်တာလား။
“ပိုင်ရှင်ဘယ်သူလဲသိခဲ့လား”
စုန့်မျိုးနွယ်လား။ ကျောက်မျိုးနွယ်လား။ ပိုင်မျိုးနွယ်စုကလား။
ဒုခေါင်းဆောင်အမျိုးမျိုးတွေးကြည့်သည်။ လေလံအိမ်သည်ဖွင့်ချင်တိုင်းလည်းဖွင့်မရ။ စျေးကလည်းထိုမျှစျေးမချိုနိုင်။ အကြောင်းပြချက်မရှိဘဲမည်သူကဤမျှအရှုံးခံ၍လုပ်သနည်း။
လင်မျိုးနွယ်စုလေလံပွဲနဲ့လည်းတနေ့တည်းဖြစ်နေသည်။ လင်မျိုးနွယ်စုကိုစိန်ခေါ်တာသိသာလွန်းနေသည်။
မြို့ထဲမှလူများသည်လည်းအရူးမဟုတ်ကြပေ။ ထိုအခွင့်အရေးကိုလက်လွှတ်လိမ့်မည်မဟုတ်ပေ။ လင်မျိုးနွယ်စုလေလံပွဲကိုအမှတ်ပင်ရတော့မည်မဟုတ်တော့။
သူ၏နောက်လိုက်များကခေါင်းခါသည်။
“ရုတ်တရက်ပေါ်လာတော့ပိုင်ရှင်ဘယ်သူမှန်းမသိကြသေးပါဘူး။ ဒါပေမယ့်ဦးစီးဆောင်ရွက်သူကတော့မြောင်ကျင်းဆိုတဲ့လူပါ။ ဒီမြို့ကမဖြစ်နိုင်ပါဘူး တခါမှသူ့ကိုမတွေ့ဖူးပါဘူး”
မြောင်မျိုးနွယ်စု။
မြောင်ဆိုသောနာမည်ကြားသော်ဒုခေါင်းဆောင်နှလုံးခုန်မမှန်တော့ပေ။ ချင်ယန်မြို့ကမြောင်မျိုးနွယ်စုကိုသတိရသွားလေသည်။ တိုက်ဆိုင်တာများလား။
“ဒုခေါင်းဆောင်ကျွန်တော်တို့ဘာလုပ်ကြမလဲ”
ဒုခေါင်းဆောင်သည်ဟောခန်းထဲမှကြိုးတိုးကြဲတဲလူများကိုကြည့်၍ “ဘာလုပ်ရမလဲ။ ဘယ်ကောင့်လက်ချက်လဲသွားကြည့်ကြတာပေါ့”
သူ့ကိုအန်တုရဲသူဘယ်သူလဲသိချင်လေသည်။
ထိုအချိန်လေလံပွဲပိတ်သိမ်းလိုက်ရသောသတင်းသည်ပထမခေါင်းဆောင်ကြီးလင်ယီရွှမ်ဆီပေါက်ကြားသွားလေသည်။
“အနောက်မှနေထွက်လာသလိုအံ့သြပါဘိ။ ဒုခေါင်းဆောင်ကဒီအခွင့်အရေးကိုလက်လွှတ်အရှုံးပေးတယ်ပေါ့။ ခေါင်းဆောင်ဆူမှာမကြောက်ပုံဘဲ”
လင်ဝမ်ကခပ်မဲ့မဲ့ပြုံးလိုက်သည်။
“အဖေဒုခေါင်းဆောင်ကူဖော်ရာမဲ့ဖြစ်နေတာသိမှာမဟုတ်ဘူး။ ဘယ်တုန်းကများလင်မျိုးနွယ်စုလေလံပွဲကိုဆယ်ယောက်ထက်မနည်းကြည့်ခဲ့ဖူးလို့လဲ။ ဒါသက်သက်အရှက်ရစရာဘဲ။ အချိန်မှီသာကျင်းပခဲ့မယ်ဆိုခေါင်းဆောင်ကကျွန်တော်တို့ကိုပိုပြီးအပြစ်တင်လိမ့်မယ်”
လင်ယီရွှမ်ကနားမလည် “ဘာလို့အဲလိုပြေတာလဲ”
လင်ဝမ်ကသူသိသမျှပြောပြလေလျှင် လင်ယီရွှမ်ကဟက်ဟက်ပက်ပက်ရယ်လေသည်။
“ဟား...ဟား.. ဒုခေါင်း‌ဆောင်ဂနာမငြိမ်တာမထူးဆန်းပါဘူး။ ငါဆိုရင်ဆိုင်‌တောင်ပိတ်လိုက်မှာ”
“ဒုခေါင်းဆောင်တော့ကိုယ့်သေတွင်းကိုယ်တူးတာဘဲ။ ဒီအခွင့်အရေးကိုရဖို့အသည်းအသန်ကြိုးစားခဲ့ရတာတွေခုတော့ဘယ်ကမှန်းမသိတဲ့လေလံအိမ်ကြောင့်ငါးပါးမှောက်တော့တာဘဲ”
Although this auction house was suspected of deliberately targeting the Lin clan, it had indirectly helped Lin Wan and Lin Yixuan instea
လင်မိုကလင်မျိုးနွယ်စုကိုပစ်မှတ်ထားသော်လည်းလင်ဝမ်နှင့်လင်ယီရွှမ်တို့အတွက်ကောင်းလေသည်။
ဒုခေါင်းဆောင်သာလေလံပွဲကိုဟန်ကျပန်ကျလုပ်နိုင်ခဲ့လျှင်လင်ယီရွှမ်အတွက်အခွင့်အရေးနည်းသွားပေလိမ့်မည်။
လင်မိုကပြောသည် “ဒီလေလံအိမ်ပိုင်ရှင်ကအင်မတန်လျို့ဝှက်ထားတော့ဘယ်သူလဲမသိနိုင်ဘူး”
ခဏစဥ်းစားပြီးနောက် “ဘယ်လိုလေလံအိမ်လဲသိဖို့သွားကြည့်ရ‌အောင်”
ထိုလေလံအိမ်ကတမင်မလုပ်ခဲ့လေသော်လင်ယီရွှမ်ကအသေအချာဆွဲဆောင်လိမ့်မည်။ အဲလောက်သုံးဖြုန်းနိုင်ရအောင်သူတို့အဘယ်မျှချမ်းသာသနည်း။
ဤသို့ဖြင့်လင်ယီရွှမ်တို့ထွက်သွားကြလေသည်။ သို့သော်သူတို့ရှေ့တွင်ဒုခေါင်းဆောင်တို့အဖွဲ့ရောက်နေလေပြီ။
“ဒါလေးလားဟ။ ငါတို့လင်မျိုးနွယ်စုရဲ့ခြေဖျားတောင်မမှီဘူး”
သူတို့ဝင်သွားသော်လူများပြည့်ကြပ်နေသည်ကိုတွေ့ရလေသည်။ သူတို့ပင်ရပ်ဖို့နေရာမရှိ။ ဒုခေါင်းဆောင်၏မျက်နှာတခုလုံးရွှဲ့နေလေပြီ။ ထိုလူများသည်တချိန်ကသူ့လေလံအိမ်တွင်ပျော်ရွှင်စွာလေလံဆွဲခဲ့သူများဖြစ်လေသည်။
ထိုလေလံအိမ်သည်သေးပင်သေးသော်လည်းစျေးအင်မတန်သက်သာ၍လူအများကိုဆွဲဆောင်ထားနိုင်လေသည်။
ဒီမှာအဆင့်လေးငါးရတနာတွေလေလံတင်တာအင်မတန်စျေးချိုတယ်လို့ကြားတယ် ဟုတ်ရဲ့လားဗျ”

“ဟုတ်တာပေါ့ဗျ။ ပစ္စည်းတွေကလည်းအစစ်ဗျ။ တမြန်နေ့က ဝယ်လိုက်တဲ့ အဆင့်ငါးဆေးလုံးကြောင့် အခုဆိုကျွန်တော်ခွန်အားကြီးလာပြီ။အ ခုလည်းရမလားဆိုပြီးလာခဲ့တာပဲ”

“အိုး ကောင်းသားဘဲ ဒါပေမယ့်လေလံဆွဲတဲ့သူတွေအများသားပဲ။”

လူတွေ တဟုန်ထိုးရောက်လာကြ၍ အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။

“ဟိုလူက လင်မျိုးနွယ်စုဒုတိယခေါင်းဆောင်မဟုတ်ဘူးလား။ သူတို့လည်း ဒီနေ့လေလံပွဲရှိတယ်မဟုတ်ဘူးလား။ ဘာကြောင့်ဒီရောက်လာရပါလိမ့်”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now