79

245 14 0
                                    

အခန်း(၇၉) ကောင်းခြင်းမင်္ဂလာတို့နိဂုံးချုပ်၍ ထွက်ခွာရပြန်ပြီ။

မျိုးနွယ်စုခေါင်းဆောင်သည် သူ့အတွက်ကျေးဇူးရှင် ဖြစ်လေသည်။ သူသာမကူညီခဲ့လျှင်လင်မို၏အရိုးသည် ဆွေးမြေ့ဖွယ် ရှိလေသည်။ ထို့ကြောင့် ဒုခေါင်းဆောင်ကို အကြောင်းပြု၍ သူ့ထံပြန်၍ ပြေလည်ရာပြေလည်ကြောင်းလုပ်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
ထိုသတင်းသည် ချင်ယန်မြို့ကလူများအတွက်အုတ်အော်သောင်းနင်း ဖြစ်သွားစေလေသည်။ လင်မိုထွက်သွားလျှင် ဤမျှကောင်းသော လေလံအိမ်ကို သူတို့အဘယ်မှာရှာရမည်နည်း။
တူနန်ဖန်းသည် လင်မိုဖျောင်းဖျရန် ကြိုးစားကြည့်သည်။

“သခင်လေး တကယ်ကို ပြန်မစဥ်းစားတော့ဘူးလား။ အခုမြောင်မျိုးနွယ်စုကို တိုက်ဖျက်လိုက်ပြီဆိုတော့ ဘာမှအန္တရာယ် မရှိတော့ပါဘူး။ ချင်ယန်မြို့မှာ အေးဆေးအခြေချလို့ရပါပြီ”

ဝမ်ကျုံးလည်းပြောကြည့်သည်

“ဟုတ်တယ် ချင်ယန်မြို့က မကြီးပေမယ့်ပထဝီသဘောအရ အားသာချက်တွေ အများကြီးရှိတယ်။ မင်းဆက်ကြိုးစားမယ်ဆိုရင်အလားအလာကောင်းတွေ အများကြီးရှိပါတယ်”

မျိုးနွယ်စုသုံးစုလုံးသည် လင်မိုကိုနေစေချင်၍ သူတို့ခေါင်းဆောင်အဖြစ်နဲ့ပါမျော်လင့်ကြသေးသည်။
လင်မိုက ယဥ်းကျေးစွာ ငြင်းဆိုလေသည်

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ကျွန်တော်ရဲ့ အဓိကရည်ရွယ်ချက်က ဒီမှာမရှိလို့ပါ”

လင်မိုသည် ထိုသို့သောမြို့ငယ်လေးတွင် နွားခြေရာကွက်ထဲကဖားသူငယ်ပမာ ပျော်မွေ့နေလိမ့်မည်မဟုတ်ပေ။

“ဒီလိုဆိုဘယ်ချိန်ထွက်ခွာမှာလဲ”

သူ့လေလံအိမ်ကို ဖျက်ဆီးပြီး ဝူကျင်းကိုသတ်၍ ကလဲ့စားချေပြီးပြီ။ ရတနာများသည်လည်းလက်စွပ်ထဲရောက်နေပြီ ဖြစ်သည့်အတွက် သူ့အတွက် ဘာမျှလုပ်စရာမရှိတော့။

“ခုဘဲထွက်တော့မယ်”

တူဝမ်ယီသည် လင်မိုနဲ့မခွဲခွာချင်ပေ။ လင်မို၏ အလိုကိုလည်း မလွန်ဆန်နိင်။

“မမြန်လွန်းဘူးလားရှင့်။ နည်းနည်းလောက် နေပါအုံးလား”

“မနေတော့ပါဘူး။ မျိုးနွယ်စုနဲ့ ပတ်သက်ပြီး လုပ်စရာလေးတွေ ရှိသေးတယ်။ သွားပြီးတော့ လုပ်လိုက်အုံးမယ်”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now