90

238 14 0
                                    

အခန်း (၉၀ )မိုးမခပင်များကြားထဲမှ တခြားရွာတစ်ရွာ

လင်ရီးရွှမ်းနှင့် လင်ဝမ်က သူတို့ကြားလိုက်ရသည့်စကားကြောင့် ကြက်သေသေသွားကြလေသည်။

ဤသည်က အဆင့်ရှစ် ဆေးလုံးဖြစ်သည်။ ဤဆေးလုံးအား လေလံတင်မည်ဆိုပါက တန်ဖိုးများစွာရပေလိမ့်မည်။ ယခုတွင်မူ သူတို့က ဤဆေးလုံးအား စေတနာဖြင့် အလကားသက်သက်ပေးနေလေသည်။

" ဒါကို ကျွန်တော်တို့ကို ပေးတယ်.....ဟုတ်လား? မနောက်ပါနဲ့ဗျာ ....."

လင်ရီးရွှမ်းသည်  လေလံအိမ်ပိုင်ရှင်၏ စေတနာသည်  အကျိုးလို၍ ညောင်ရေလောင်းဆိုသလို လင်ဂိုဏ်းအား ဘေးသင့်စေရန်အတွက် သူ့အားအသုံးချလိုသလား ဟူသော သံသယရှိနေ၍ ဤဆေးလုံးအား မယူရဲဖြစ်နေလေသည်။

" ကျွန်တော်တို့ ဒါကို ဘာအတွက်ကြောင့်နဲ့မှ လက်မခံပါရစေနဲ့ ။ ဒီလို တန်ဖိုးကြီးပစ္စည်းကို ကျွန်တော်တို့ လက်ခံထားလို့ မဖြစ်ပါဘူး ။"

" ခေါင်းဆောင် လင် ။ လက်ခံလိုက်ပါ ။ ဒါက ကျွန်တော်တို့ သခင်လေးအတွက် များပြားတဲ့ ပမာဏမဟုတ်ပါဘူး ။ အရင်က  ခေါင်းဆောင်က သခင်လေးကို စောင့်ရှောက်ပေးခဲ့တာတွေအတွက်ရော ကျေးဇူးတင်လို့ ပေးတာမို့လို့ လက်ခံလိုက်ပါ ။"

ဤသည်ကို ကြားသည်နှင့် လင်ရီးရွှမ်းသည်လည်း ဇဝေဇဝါ ဖြစ်သွားလေတော့သည်။

"မင်းရဲ့ သခင်ကို ကျွန်တော်က သိလို့လား ?"

မြောင်ချင်သည် လင်ရီးရွှမ်း၏ အမေးအား မဖြေဘဲ သွယ်ဝိုက်ကာ

" အချိန်တစ်ခု ရောက်လာရင်တော့ ဒီအဖြေကို  သိရမှာပါ။ အခုတော့ အချိန်မတန်သေးလို့ ကျွန်တော်ပြောပြလို့ မရပါဘူး "  ဟု ဖြေလာသည်။

လင်ရီးရွှမ်းက ဦးခေါင်းကိုညွတ်ကာ အရိုအသေပေးလိုက်သော်လည်း  စိတ်ထဲတွင်မူ အတွေးများစွာပွားနေလေသည်။ လေလံအိမ်ပိုင်ရှင်က ဘယ်သူလဲ ။ဒီလိုရှားပါးတဲ့ ဆေးလုံးကို ဘာကြောင့် ဒီလိုအလွယ်လေးပေးလိုက်ရတာလဲ? မြောင်ချင်ပြောပုံအရဆိုလျှင်ဖြင့် သူက ကူညီဖူးသောသူတစ်ယောက် ဖြစ်လေသည်တဲ့။ သူကူညီဖူးသော မည်သူနည်း ?

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now