74

235 14 0
                                    

အခန်း (၇၄)မြောင်မျိုးနွယ်စုတို့၏အသုဘ

ပြန်စုရန်ပင်ခက်ခဲသော မြေပေါ်တွင်ပျံ့​ကြဲနေသော အသားစတို့ကိုကြည့်၍ မြောင်မျိုးနွယ်စုတို့စိတ်အပျက်ကြီးပျကနေကသည်။
မြောင်ကျန်းသည်ဝမ်းနည်းသောကအပြည့်ဖြင့်
...

“သား”။

သူ၏ အော်ဟစ်ငိုကြွေးသံသည် မိုးထစ်ချုန်းမည်သကဲဲ့သို့ကျယ်လောင်လွန်းလှသည်။
လင်မိုကို စားတော့ဝါးတော့မယ့်အသွင်ဖြင့် ကြည့်လိုက်လေသည်။

“ငါမင်းကို အလွတ်မပေးဘူး”

လင်မိုက ဂရုမစိုက်စွာ ပြန်ပြောသည်

“တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကျုပ်ကလည်းခင်ဗျားကိုအလွတ်မပေးဘူး”

မြောင်ကျန်းကဒေါသတကြီးအော်ဟစ်လိုက်သည်။

“မြောင်မျိုးနွယ်စုတို့တိုက်ကြ။ ဒီခွေးသားကိုအရေခွံဆုတ်ပစ်မယ်။ သတ်နိုင်တဲ့သူ မြောင်ခေါင်းဆောင်ဖြစ်စေရမယ်”

သူ့တွင် မြောင်ယန်ဟူ​သော သားတယောက်သာရှိသည်။ ခေါင်းဆောင်မည်သူဖြစ်လာပါ​စေ
အရေးမကြီးပေ။ လင်မိုကိုသာ အသေလိုချင်သည်။
စကားဆုံးသည်နှင့် အားလုံး ချီတက်ကြသည်။
လင်မိုသည် မြောင်ယန်နဲ့ ယှဥ်ပြိုင်ပြီးနောက် အားအင်အနည်းငယ် ကျဆင်းရပေလိမ့်မည်။
တယောက်နဲ့အများ ဘာကြောင့် မနိုင်ရမည်နည်း။
ထိုသို့တွေး၍ သူတို့သိက္ခာပင်မငဲ့ အပေါ်စီးမှနေ၍ အားလုံးချီတက်ကြလေသည်။

“ဒီငနဲကငါတို့ကို စော်ကားခဲ့တာများပြီ။ အခုလည်းငါတို့သခင်‌လေးကို ရှင်းလိုက်ပြီ။ သူ့ကိုမရှင်းနိုင်ရင် သခင်လေးစိတ်ဖြောင့်မှာမဟုတ်ဘူး”

ထိုစကားများကိုကြားသော် မြောင်မျိုးနွယ်စု သွေးပွက်ပွက်ဆူလေသည်။ ဘာမှမသိသူများသည်ကား လင်မိုသည်အကြီးမားဆုံးလူကြမ်းကြီးဟု ထင်သွားကြသည်။

“မြောင်တို့အတွက် မနက်ဖြန်ဆိုတာ မရှိတော့ဘူး။ ဘယ်ကောင်ခေါင်းဆောင်လုပ်ချင်သေးလဲ”

ထိုစကားကြားသောအခါ အားလုံးအသားတဆတ်ဆတ်တုန်အောင် စိတ်တိုကြလေသည်။ ခေါင်းဆောင်၏လက်မှ အင်မတန်ကြမ်းတမ်းသော စွမ်းအားထုတ်လိုက်သည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now