51

297 18 0
                                    

အပိုင်း ၅၁
တိမ်တိုက်ချိုးဖျက် ဓါး -  တောက် သိုင်းပညာ ၊ သိုင်းကွက်ဖော်ခြင်း ၊ မှော်ပညာနှင့် သိုင်းပညာဟု ခေါ်ကြခြင်း

ဟွမ်ကျင်း က အဆင့်တူသိုင်းနည်းစနစ်နှငိ့ လှဲလယ်ပေးချင်သော်လည်း လင်မိုက ထိုကျင့်စဉ်နှင့် မသင့်တော်ချေ . ။ လဲလှယ်လျှင်ပင် အသုံးဝင်မည် မဟုတ်ချေ ။ ထို့အပြင် ထိုသိုင်းနည်းစနစ်သည် ဟွမ်မိသားစု၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်ပြီး လင်မိုကဲ့သို့ အပြင်လူတစ်ယောက်အား မျှဝေရန် မဖြစ်နိုင်ပေ .။

ညီအမနှစ်ယောက်ကလည်း ဟွမ်ကျင်း ၏ ပူပန်မှုကို နားလည်သိမြင်ကြလေသည် ။
"အဖေ.............ကျွန်မတို့မိသားစုမှာ အဆင့်ခုနှစ်ရှိတဲ့ ဓါးသိုင်းကျမ်း ရှိတယ်မို့လား ? အကိုလင်အတွက် အဲ့တာက အဆင်ပြေမယ်လို့ ထငိပါတယ် ......သူက ဓါးသိုင်းပညာမှာ အတော်လေး ထူးချွန်ပါတယ် ....."

ဟွမ်ကျစ်ယွင် ၏ စကားကို ကြားသောအခါ ဟွမ်ချင်း က  သတိရသွားလေသည် ။သူတို့ဂိုဏ်းတွင် အဆင့် ၇ ဓါးသိုင်းကျမ်းက ရှိသည်က မှန်ပေသည် ။ သိူ့သော် ထိပ်တန်းအရည်အသွေးမဟုတ်သည်သာမက တပိုင်းတစတန်းလန်းကြီး ဖြစ်ပေသည်။

သူက တုံဆိုင်းစွာ " ငါ့မှာ တိမ်တိုက်ချိုးဖျက် လို့ခေါ်တဲ့ ဓါးသိုင်းကျမ်းတစ်ခုတော့ ရှိတယ် ။ ဒါပေမယ့် တပိုင်းတစတန်းလန်းကြီးပဲ ။ ပြီးတော့ သိုင်းကွက်က လေးကွက်ပဲပါတယ် ။ ငါရဲ့ စုံစမ်းမှုအရတော့ သူက သိုင်းကွက်ကိုးကွက်မှပဲ ပြည့်စုံလိမ့်မယ် ။ " ဟုပြောလေပြီး သူကပင် ဆက်ကာ
" တပိုင်းတစမှာသာ အဆင့် ၇ ဖြစ်နေတာ ပြည့်စုံသွားရင် အဆင့် ၈ စွမ်းအား ရရှိမှာပါ ။ ဒါပေမယ့်လည်း ငါနှစ်ပေါင်းများစွာ ကြာခဲ့တာတောင် ရှာမရခဲ့ဘူး ။ အခုတော့ ဒီအတိုင်း ပစ်ထားလိုက်ရုံပဲ တတ်နိုငိတော့တယ် .."

သူပထမဆုံး ထိုသိုင်းကျမ်းကို တွေ့ခဲ့စဉ်က ထိုဓါးသိုင်းပညာသည် အလွန်ပင်စွမ်းအင်ကြီးမားသည်ကို သိရှိခဲ့ရပေသည် ။ ပထမဦးဆုံးသော သိုင်းကွက်လေးကွက်နှင့်ပင် ကောင်းကင်နှငိ့ မြေကြီးကို ဖျက်စီးနိုင်မှန်း သိခဲ့ရလေသည် ။ ထိုလေးကွက်ကိုပင် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးသည့်တိုင် သူက နောက်သိုင်းကွက်၏ အစအန အရိပ်အယောင်ကိုပင် မခန့်မှန်းနိုင်ခြေ ။ သို့သော်လည်း   ဟွမ်ချင်း သည် နောက်လာမည့်သိုင်းငါးကွက်အတွက်တော့ အစပျိုးပြီးသား ဖြစ်ပေသည် ။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now