11

377 30 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၁၁
(ရွှေကြေးခွံက ရေကန်ထဲကပစ္စည်းဖြစ်နိုင်ပါ့မလား)

ဆီးနှင်းဓါးကလေထဲလွင့်ပျံနေစဥ်တွင်လင်မိုကဆက်လက်ကျင့်ကြံဆဲပင်။ ထိုမြင့်မြတ်တဲ့ဓါးကိုနှင်းနှင့်ရေခဲမှထုတ်နုတ်ယူထားပုံရသည်။ ဓါးသွားလက်လက်အသွားထက်ထက်။

ထိုအလင်းရောင်ကိုလင်မိုစီးဆင်းယူသည်။ သူ့သွေးကြောများတလျှောက်စီးဆင်းသွား၍ သွေးသားအရိုးအကြောကြွက်သားအားလုံးကိုတောင့်တင်းမာကျောလာစေသည်။ သူ့သွေးသားကိုအလွန်မြင့်မြတ်သောအရာကဆေးကြောပေးလိုက်သည့်ပမာ။

ရုတ်တရက်အဖြူရောင်အရိပ်ကြီးကဖြတ်ခနဲသူ့ကိုဖြတ်သွားသည်။ သာမာန်မျက်လုံးဖြင့်မြင်နိုင်စွမ်းမရှိလောက်အောင်လျင်မြန်လှသည်။

သေချာကြည့်မှ ထိုဟာသည်ငါးဖြစ်ပုံရသည်။ အလွန်ကိုသေးသည်။ သို့သော် ဘာကမှထိန်းချုပ်ထားပုံမရ။ ခြေရာခံ၍မရ။

လင်မို ကျင့်ကြံရင်းအချိန်တွေကုန်သွားသည်။ လေလံတင်ပြီးခြောက်ရက်ရှိလေပြီ။ နောက်ထပ်လေလံပွဲလုပ်ဖို့တရက်သာလိုတော့သည်။ အနည်းငယ်ချိန်ဆကြည့်ပြီး မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

သူ၏မျက်လုံးပြာကချက်ချင်းအရောင်ပြောင်းသွားသည်။ တလောကလုံးကိုရေခဲနှင်းဖုံးလွှမ်းထားသည့်ပမာ။ သို့သော် ချက်ချင်းပုံမှန်ပြန်ဖြစ်သွားသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါကိုပြန်ထိန်းချုပ်လိုက်သောကြောင့်ဖြစ်သည်။ စိတ်စွမ်းအားတွေသူ့ကိုယ်ထဲပြန်ဝင်သွားသောကြောင့်သူ့ကိုသာမာန်လူတယောက်အဖြစ်သာမြင်တွေ့ရတော့မည်။

သူရောက်တုန်းကနဲ့ထူးမခြားနားတော့ပေ။ သူ့အစွမ်းသူသာသိသည်။ ချူရင်းရွာတွင်သူသာအသန်မာဆုံးဖြစ်သည်။ သူနဲ့ယှဉ်နိုင်သူမရှိသလောက်ပင်။

ဦးလေးဝမ်နှင့်ဝူကျင်းတို့အပြင်မှာစောင့်နေတာကြာပြီ။ ဝူကျင်းကောင်းကင်ကိုမော့ကြည့်၍စိုးရိမ်တကြီးပြောသည်။
“ဘယ်ချိန်ရှိပြီလဲ
သခင်လေးလေလံပွဲကိုတော့မမေ့လောက်ပါဘူးနော်”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now