28

339 26 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၂၈
တူမိသားစုသို့ခရီးတခေါက်

တူမိသားစုကသူ့ကိုသတ်မှာသူ့ရဲ့ပစ္စည်းတွေကိုယူမှာစိုးစိမျှမစိုးရိမ်။ နေ့ခင်းကြောင်တောင်ကြီးတွင်ဤလိုလုပ်နိုင်မည်မဟုတ်။ ထို့ကြောင့်လည်းမျက်လုံးတို့သည်သူတို့ကိုတကြည့်ကြည့်။ ထို့ပြင်တူဝမ်မိသားစုလည်းဒီလိုလုပ်မည်မဟုတ်။
ထိုအချိန်တွင်လင်မိုသည်အစောင့်ငါးအကြောင်းကိုသိချင်နေသည်။ စနစ်ကသူတို့ကိုနည်းနည်းဘဲပြောထားသည်။
လင်မိုကားရိူးသားဖြောင့်စင်းသည်။ တူနန့်ဖန်းကားတဟားဟားရယ်နေသည်။ ထို့နောက်လက်ဟန်ခြေဟန်ဖြင့်လုပ်ပြသည်။
“ကျေးဇူးပြု၍”
လူအုပ်ကြီးသည်တော်ဝင်မိသားစုလေလံအိမ်မှထွက်၍လမ်းလျှောက်ထွက်လာကြရာ မကြာမှီတွင်တူမိသားစု၏ဂိတ်တံခါးဝသို့ရောက်လာကြသည်။
အဝတွင်ထိုနေရာကိုစောင့်နေဟန်ရှိသောကျောက်ခြင်သေ့ရုပ်နှစ်ခုရှိလေသည်။ သူတို့၏ခန္ဓာကိုယ်သည်အသက်ဝင်နေသည့်ပမာတောက်ပနေသည်။ လိုအပ်လာပါကသက်ဝင်လာမည့်ဟန်။ သူတို့ကိုနှစ်ချို့ဝိညာဥ်ကျောက်စိမ်းဖြင့်ထွင်းထုထားခြင်းဖြစ်လေသည်။
လင်မိုဝင်၍တချက်ကြည့်လိုက်သည်။ တခြားကမ္ဘာသို့ရောက်သွားသည့်ပမာ။ ရှေးကျကျအဆောက်အဦးတို့လမ်းဟိုဘက်ဒီဘက်တွင်နေရာယူထားကြသည်။ အလယ်တွင်တောင်စဥ်တောင်တန်းမြစ်ချောင်းအင်းအိုင်တို့ရှိလေသည်။
တောင်တွေမြစ်တွေသည်ဝိညာဥ်စွမ်းအားတို့ဖြင့်ပြည့်နှက်နေသည်။ လေထုထဲတွင်နှင်းမှုန်တို့ကျနေသည်။ လင်မိုနီးကပ်စွားရောက်ရှိလာတော့မှဝိညာဥ်စုပေါင်းပွဲရှိနေမှန်းသိတော့သည်။ ထိုစုဝေးမှုကြောင့်လည်းတောင်တွေမြစ်တွေဖြစ်ပေါ်လာသည်။ အနုပညာဆန်လှ၍ပညာသားအပါလှသည်။မည်သူမဆိုအားကျစိတ်ဖြစ်ပေါ်လာလိမ့်မည်။
ဝူကျင်းကားပြောစရာမလိုပါးစပ်အဟောင်းသား။ ရှေးပဝေသဏီကိုပြန်ရောက်သွားစေသည့်အလားခံစားရမည်။ ကမ္ဘာမြေပေါ်ကတခုတည်းသောနတ်သမီးပျော်စံရာနေရာပမာ။ ချူရင်းရွာနဲ့မနှိုင်းယှဉ်သာ။ နတ်ပြည်ရောက်သွာသည့်အတိုင်းပင်။
ဆွေကြီးမျိုးကြီးပီသပါပေသည်ဟုလင်မိုလည်းအားကျမိသည်။
“ကျေးဇူးပြု၍‌နေရာယူကြပါခင်ဗျာ”
သူတို့ထိုင်ပြီးနောက်အစေခံတယောက်ကလက်ဖက်ရည်ယူလာပေးသည်။ လင်မိုအဖုံးကိုဖွင့်လိုက်ရာလက်ဖက်ရည်နံ့လေးသင်းလာသည်။ ထိုရနံ့လေးသည်သူတို့၏စိတ်ကိုတက်ကြွလာစေသည်။ အစိမ်းဖျော့ရောင်လက်ဖက်ရွက်တို့တဖြည်းဖြည်းကွယ်ပျောက်သွားလေသည်။ သူတို့၏ဝိညာဉ်စွမ်းအားတို့ချက်ချင်းပေါ်လာသည်။
“သွေးနက်ရောင်ကျားကိုကြည့်လို့ရမလား”
လင်မိုနည်းနည်းစပ်စုချင်လာသည်။ သူ၏အစောင့်ငါးမှလွဲ၍မကောင်းဆိုးဝါးတကောင်မှမမြင်ဖူးပေ။ မည်သို့ဆိုစေသူတို့နဲ့လူတိုင်းစာမချုပ်နိုင်။
“ကောင်းပြီ”
တူနန့်ဖန်းကားသဘောတူပြီးသားပင်။
ကျားဟိန်းသံနဲ့အတူအနက်ရောင်မှော်ဆန်ဆန်ကြီးတခုလေထဲတွင်ပေါ်လာသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now