48

313 17 0
                                    

အပိုင်း ၄၈
အသက်ကို ကယ်ခဲ့တာအတွက် ကျေးဇူးတင်ပါသည် နှင့် ဟွမ် ညီအမ၏ ဖိတ်ခေါ်မှု

ဥပမာအားဖြင့် လေလံစနစ်မှ ပြန်ပေးပစ္စည်းများ ပြန်ရရန်အတွက်နှငိ့  သူအဆင့်နိမ့်ပစ္စည်းများ လေလံတင်ရန်မလိုအပ်ပေ ။ ဝိဉာဉ်ကျောက်တုံးများ ရှိလျှင်ပင် ကောင်းမွန်သောအရာများ ဝယ်ယူနိုင်လေသည်။ အကယ်၍ စွမ်းအားမြင့်ပစ္စည်းများ ပြည့်စုံမနေလျှင်တောင် စနစ်၏အကူအညီနှင့် အဆင်ပြေသွားနိုင်လေသည် ။

တပိုငိးတစဖြစ်နေလျှင်ပင် သိပ်မကြာခင် ပြည့်စုံသွားပေလိမ့်မည်။ ပြဿနာသည်က အဆင့်မြင့် စွမ်းအားပြည့်ပစ္စည်းများ ရှာဖွေရသည်က ခက်ခဲခြင်းပင် ။ မပြည့်စုံသော တဝက်များဆိုလျှင်တောင် ရှာဖွေရသည်က ခက်ခဲလေ ။
သူသည် " ရွှေဒိုင်းကာသိုင်း " ကို မတော်တဆ ရလိုက်ပေသည် ။ သို့သော်လည်း ပျောက်ဆုံးနေသောအပိုင်းကမူ ပို၍ အပူတပြင်းလိုလာပေသည် ။လတ်တလောတွင်တော့ သူသည်ဤသည်ကို လေလံတင်နိုင်ဦးမည် မဟုတ်ပေ ။ အကယ်၍ တစ်စုံတစ်ယောက် ထိုပစ္စည်းကို လေလံတင်မည်ဆိုပါက လင်မိုက အပြေးအလွှားကို သွားဝယ်ပစ်မည်ပင် ။ သာမန်အခြေနေမှာပင် အဆင့်မြင့် စွမ်းအားပြည့်သိုင်းပညာ စာအုပ်များက အစအနပင် ရှာရန်မလွယ်ပေ ။ ဈေးများတွင် မိတ္တူတချို့တလေသာ ရှိတတ်ပြီး ရှိခဲ့လျှင်လည်း တွေ့သူများက ဝယ်သွားပြီးဖြစ်‌ေပလိမ့််မည် ။

သိုင်းပညာကို အဓိကလေ့လာကျင့်ကြံသောအင်အားကြီးဂိုဏ်းများကသာ တသီးတသန့်  စုဆောင်းထားတတ်ကြလေသည် ။ လင်မိုက ဘေးပတ်လည်ကို မျက်စိတချက်ဝေ့ကာ ကြည့်လိုက်ပြီး အကြံရသွားလေသည် ။
" သခင်လေး ..............ဒီနေ့လေလံပွဲက အမြတ်ကို စိတ်ကျေနပ်မှုရှိပါရဲ့လား ........"
ဝူကျင်း ၏အသံက လင်မိုအား လက်ရှိပစ္စုပ္ပန်ကို ပြန်ခေါ်လိုက်လေသည် ။ သူက အမြတ်အစွန်းကို အဓိကထားသူတော့ မဟုတ်ပေ ..။
" ဒါပေါ့........... ဟွမ် ညီအမက သိုင်းပညာပိုင်းဆိုင်ရာတွေ မင်းပြောဖူးတယ်လေ ။"
" ဟုတ်တာပေါ့........သူတို့ဂိုဏ်းက သိုင်းပညာတွေကို စုဆောင်းတဲ့နေရာမှာတော့ နာမည်ကျော်ပဲလေ ။ ကျင့်စဉ်တွေကို သူတို့ကျင့်ကြံလို့မရရင်တောင် သူတို့က လေ့လာဖို့သက်သက် စုဆောင်းကြတယ် ။ ကြားဖူးတာာတော့ တချို့ရှားပါးသိုင်းပညာတွေရဲ့ မိတ္တူတွေတောင် ရှိတယ်ဆိုလားပဲ..............."
ဝူကျင်း၏ အရည်အချင်းသည် သာမန်မျှသာဖြစ်သော်လည်း သတင်းစုဆောင်းရာတွင်တော့ ဆရာတစ်ဆူ ဖြစ်လေသည်  ။
လင်မိုက သူ၏မေးကို ဟန်ပါပါ ပွတ်ကာ အခြေနေအား နားလည်သွားဟန််နှင့် ပြောလေသည် ။
" အံဩစရာတော့ မရှိတော့ပါဘူး ........"
ထို့ကြောင့်ပင် ဟွမ် ညီအမက လေလံခန်းမအတွင်းတ္ငင် ပြဿနာကြုံရစဉ်က ဘာမှမတုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည် ။ ထိုမျှသာမကသေး ထိုညီအမသည် လေလံပွဲတိုင်းကိုတက်ကာ သိုင်းပညာအညွှန်းများကိုလည်း ဝယ်ယူနေကြဖြစ်ပေလိမ့်မည် ။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now