87

223 12 0
                                    

အပိုင်း(၈၇)
လင်ရီးရွှမ်းက သက်စောင့်ဆေးလာရှာခြင်း

မကြာမှီမှာပင် သတင်းက တောမီးလို ပျံ့နှံသွားလေတော့သည်။  ဒုတိယခေါင်းဆောင်နှင့် တခြားသူများကလည်း ထိုသတင်းကြောင့် အငြိမ်ထိုင်မနေနိုင်တော့ပေ။

" ဘာ အဲ့ဒိလေလံအိမ်မှာ အဆင့်ခုနစ် သာလွန်ဆန်းကြယ်သက်စောင့်ဆေး ရှိတယ် ဟုတ်လား? အဲ့တာ ဖြစ်နိုင်လို့လား"

ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတင်းကမူ ပြန့်သွားချေပြီ ။ သတင်းမှားဖြစ်ရန်လည်း အကြောင်းတော့ မရှိပေ ။ ပစ္စည်းကောင်းများစွာ လက်ဝယ်ပိုင်ဆိုင်ထားသည်ကို ရှေ့လေလံပွဲများတွင် ပြသသွားခဲ့ပြီးလေပြီ ။ ဒုတိယ‌ခေါင်းဆောင်သည် လေလံပွဲတွင် သွားရောက်ကာ လေလံလုရုံမှအပ တခြားမတတ်နိုင်တော့ပေ ။

" လင်ကျွမ်းယန် ကို ပထုတ်လိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ။ အဲ့လိုလုပ်လိုက်ရင် မျိုးနွယ်စုခေါင်းဆောင်က ငါတို့သတိထားမိသွားပြီး ပထမခေါင်းဆောင်ကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားလိမ့်မယ် ။ ငါတို့ လင်ကျွမ်းယန်ကို ပြန်ကုပေးလိုက်ရင်တောင် သူကသေချာပေါက် ပြန်ကောင်းလာဖို့ မသေချာသေးဘူး .........."

" ဒါပေမယ့် ပထမခေါင်းဆောင်နဲ့ တခြားသူတွေကလည်း အဲ့ဆေးလုံးကို ဘယ်ဈေးနဲ့ရရ  သေချာပေါက် လေလံဆွဲမှာပဲ ..."

" ငါကတော့ အဲ့လေလံအိမ်က ငါတို့ကို ပစ်မှတ်ထားပြီး လုပ်နေမှာပဲ စိုးရိမ်တယ် ။ အချိန်တိုင်း အကွက်ချပြီး ငါတို့ကို တိုက်ခိုက်နေသလိုပဲ ။ ပထမက ငါတို့ လေလံပွဲကျင်းပမယ့်ရက်မှာပဲ ထပြီး လေလံပွဲ ကျင်းပပစ်တယ် ....။ အခုလည်း ........."

ဒုတိယခေါင်းဆောင်၏ မျက်နှာတွင် မကျေနပ်ဟန်များက အထင်းသားပင် ပေါ်လေနေသည်။
"  ငါတို့ကို လိုက်ဆန့်ကျင်တိုက်ခိုက်နေရတဲ့ အကျိုးဆက်ကို ပြရသေးတာပေါ့ကွာ......မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့ ...."

" ဘာပဲပြောပြော  အခုအချိန်က အရေးကြီးတဲ့ အချိန်ပဲ ။မျိုးနွယ်စုခေါင်းဆောင် ပြီးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောဖူးဆိုပေမယ့် သူ့ရင်ထဲမှာ မကျေနပ်တာတော့ ရှိလိမ့်မယ် ။ ငါတို့ ပြဿနာထပ်ရှာမိတာပဲ ဖြစ်ဖြစ် ၊ လက်ရှိပြဿနာကို မရှင်းနိုင်တာပဲဖြစ်ဖြစ် ခေါင်းဆောင်က အမြင်မကြည်ဖြစ်ပြီး တခြားတစ်ယောက်ယောက် အခွင့်အရေးပေးလိုက်ရင် ခက်မယ် .................."

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now