45

306 21 0
                                    

အပိုင်း ၄၅
ဟွမ်ညီအမ

လေလံပွဲ ကျင်းပလာသည်က အချိန်တခုကြာခဲ့လေပြီ ဖြစ်သည့် ပြီးဆုံးရန်နီးကပ်လာပြီ ဖြစ်သည်။ လေလံပြန်ပေးစနစ်ကမူ လေလံတင်သောပစ္စည်းများနှငိ့ သဘောသဘာဝတူသော ပြန်ပေးပစ္စည်းများကို ပေးလေသည်။ ဥပမာပေးရရင်ဖြင့် သူသည်က ဆေးလုံးတစ်လုံးကို လေလံတင်လိုက်လျှင် သဘာဝတူသော ဆေးလုံးကိုသာ ပြန်ပေးလေသည် ။ ထို့ကြောင့်ပင် ရွှေငန်းမြွေကျား စွမ်းအားဆေးလုံးကို ရရှိခြင်းပင်ဖြစ်သည်။
သေချာသည်ကတော့ 'ရွှေငန်းမြွေကျား စွမ်းအားဆေးလုံး' သည် ' တိဝုတ်ပင်စည်ရိုးဆေးလုံး' ထက်တော့ ပိုမိုကောင်းမွန် အစွမ်းထက်လေသည်။ စွမ်းအားအဆင့်လည်း မတူညီပေ။

လင်မိုက 'ရွှေငန်းမြွေကျား စွမ်းအားဆေးလုံး' ကို မိုးရာသီအတွက် သိမ်းထားလိုက်လေသည်။
လေလံပွဲက အထိတ်အထိပ်ရောက်ရှိလာပြီ ဖြစ်လေသည်။ လူတိုင်းက စိတ်မရှည်ဖြစ်လာကြပြီး နောက်ဆုံးပစ္စည်းအား ရင်ခုန်နေကြပြီ ဖြစ်သည်. ။ အရှေ့မှ ပစ္စည်းများကလည်း အဆင့်လေး ၊ငါးများ ဖြစ်ကြကာ ကောင်းမွန်ကြလေသည်။ ကိုယ်ပိုင်အသုံးဝင်မှုများလည်း ရှိပြီး ရှားပါးပစ္စည်းများ ဖြစ်ကြလေသည်။

" ငါ ဒီလေလံအိမ်အကြောင်းကို  ကြားဖူးတယ် ။ တကယ်ကို ပစ္စည်းကောင်း ပေါတာပဲ ။ အရင်ကတော့ သတင်းတွေကို မယုံခဲ့ဘူး . ....အခုတော့ လာရတာ တကယ်ကို တန်သွားပြီ ..........."
ဒေသခံများကလည်း ထိုစကားကိုကြားသည်နှင့် ထောက်ခံဂုဏ်ယူကြလေသည် .။ စကားကို မငြင်းပယ်ဘဲ
" ဟုတ်တယ် ....ခင်ဗျား အချိန်ကိုက်ကို ရောက်လာတာပဲ ,.....အရင်လေလံပွဲတွေတုန်းကလည်း ဒီလိုပဲ ပစ္စည်းကောင်းတွေကိုပဲ ရောင်းပေးတာ ..........."

"လေလံပွဲအများစုကတော့ အကောာင်းဆုံးပစ္စည်းကို နောက်ဆုံးမှပဲ ထုတ်ကြတာ ။နောက်ထပ်ပစ္စည်းကတော့ အကောင်းတကာ့ အကောင်းဆုံးပဲ ဖြစ်ရမယ်........."
လူအုပ်ကြီးက လေလံပစ္စည်းအကြောင်း ဆွေးနွေးနေကြတုန်းမှာပင် ဝူကျင်း  က ပဥ္စမပစ္စည်းကို ယူလာလေတော့သည်။
"ပဥ္စမမြောက်လေလံပစ္စည်းကတော့ အဆင့် ၅ အဆင့်နိမ့်မပြည့်စုံတဲ့ ရွှေဒိုင်းကာသိုင်းပညာ ပဲ ဖြစ်ပါတယ်ခင်ဗျာ ။ လေလံအဖွင့်ဈေးကတော့  အဆင့်နိမ့် ဝိဉာဉ်ကျောက်တုံး ၅၀၀၀ ပဲ ဖြစ်ပါတယ်ခင်ဗျာ..........."

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now