59/60

269 16 0
                                    

အပိုင်း ၅၉ ဝိညာဥ်ကြံ့ခိုင်ဆေးသည်လေလံအိမ်တွင်ဟိုးလေးတကျော်ဖြစ်သွားစေလေသည်။

လေလံပွဲတွင်ချင်ယန်မြို့မှလူများအပြင်တစိမ်းမျက်နှာစိမ်းများလည်းပါဝင်လာလေသည်။ ထိုသူတို့သည်ချင်ယန်မြို့မှအခြေအနေကိုနားမလည်သိကြပေ။ သူတို့သည်ဝင်ထက်သွားလာနေသောသူများကိုအကဲခတ်နေကြလေသည်။ သူတို့၏လှုပ်ရှားမှုကမြင့်မြတ်သောကိုယ်ယောင်ကိုယ်ဝါကိုဖော်ပြနေသည်။ သူတို့ထဲမှအများစုသည် သာမာန်ထက်ထူးခြားသောအဆင့်အတန်းကိုပြနေပေသည်။ သူတို့ကစူးစမ်းချင်စိတ်ဖြင့်မေးလိုက်သည်။
“ကျွန်တော်အရင်ကဒီကိုလာတုန်းကတော်ဝင်မိသားစုလေလံအိမ်ကိုဘဲကြားဖူးခဲ့တာ။ အဲဒီလေလံအိမ်ကအတော်လေးခမ်းနားထည်ဝါတယ်လို့လူတွေပြောကြတယ်။ ဒီနေရာကအဲဒီလေလံအိမ်လားဗျာ”
“အ.. မဟုတ်ပါဘူးဗျ။ ဒီလေလံအိမ်ကမကြာသေးမှီကမှဖွင့်တာ။ အရင်ပိုင်ရှင်ကကောင်းကောင်းမအုပ်ချုပ်တတ်လို့နောက်ဆုံးတော့ဒီတယောက်ကိုရောင်းလိုက်ရတာဘဲဗျာ။ အခုပိုင်ရှင်က‌တော့စီမံခန့်ခွဲမှုကျွမ်းကျင်တယ်လေ”

ထိုလူသည်တော်တော်မယုံကြည်နိုင်ပေ။ မည်သို့ဆိုစေ ဒီနေရာသည်လူများကြက်ပျံမကျစည်ကားနေ၍ဟိုးလေးတကျော်ဖြစ်နေလေသည်။ လေလံအိမ်တအိမ်၏အခြေခိုင်မာမှုသည်အရေးကြီးကြောင်းလူတိုင်းသိပေသည်။ နှစ်ပိုင်းလေးငါးနှစ်မကြိုးစားဘဲထိုအဆင့်သို့ရောက်ဖို့ရန်မဖြစ်နိုင်ခြေ။
“ခင်ဗျားနောက်နေတာလားဗျာ။ “

“ကျွန်တော်ကခင်ဗျားကိုဘာလို့လိမ်ရမှာလဲ။နောက်ဆုံးတော့ခင်ဗျားလည်းနေရာမှန်ကိုရောက်ရှိလာတာဘဲ။ ဒီလေလံအိမ်ကလာဖို့တော်တော်ထိုက်တန်တယ်ဗျ။ တော်ဝင်လေလံအိမ်ထက်တောင်ပိုကောင်းသေးတယ်။ အဆင့်ငါးပစ္စည်းတွေအမြဲလေလံတင်နေတာ။ဒီလိုမျိုးတော်ဝင်လေလံအိမ်တောင်မလုပ်နိုင်ဘူး။”

သူတို့သည်ထိုစကားကိုကြားလေလျှင်များစွာအံ့သြကြလေသည်။ ထိုဒေသံခံများ၏မျက်နှာကိုကြည့်လျှင်လိမ်ခြင်းမဟုတ်ကြောင်းသိနိုင်လေသည်။ ထို့ကြောင့်သူတို့လာမည့်လေလံပွဲကိုမျှော်တလင့်လင့်ဖြစ်နေကြလေသည်။ ဝူကျင်းစင်ပေါ်သို့တက်သွားသော်ပတ်ဝန်းကျင်တခုလုံးတိတ်ဆိတ်ငြိမ်သက်သွားလေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now