91

222 14 0
                                    

အခန်း(၉၁) ဒုခေါင်းဆောင်အံ့သြတုန်လှုပ်မှင်တက်သွားသည်။ သူတပတ်ရိုက်တာခံလိုက်ရလေပြီ......

လင်ဝမ်မေးလိုက်သည်။

“သူတို့ဘယ်လိုလှည့်စားသွားတာလဲ”

“ခေါင်းဆောင်ကငါတို့ကိုတွေ့ဖို့ခေါ်တယ်။ညီလာခံအတွက်လို့ကြားတယ်။ ဒုခေါင်းဆောင်ကတခုခုလုပ်လိုက်ပုံဘဲ”

လင်ယီရွှမ်နှင့်လင်ဝမ်တို့ ဧည့်ခန်းထဲ တဟုန်ထိုးဝင်သွားသော် ထင်သည့်အတိုင်းပင် ဒုခေါင်းဆောင်ကရောက်နှင့်​နေပြီဖြစ်သည်။အခြားအကြီးအကဲများလည်းရှိနေသည်။

အားလုံးစုံလေသော် ခေါင်းဆောင်ကပြောသည်။

“အခုလိုခေါ်တာက တခုဆွေးနွေးဖို့ပါ။ ဒုခေါင်းဆောင်ကအကြံပေးတယ်။လင်ကျွင်းယန်ဒဏ်ရာအပြင်းအထန်ရထားတော့သူ့နေရာကိုတခြားသူလွှဲပေးမလို့ပဲ”

လင်ယီရွှမ် ဒု‌ခေါင်းဆောင်ကို ခက်ထန်စွာကြည့်လိုက်လေသည်။ ဒုခေါင်းဆောင်သည်တိုက်ခိုက်ဖို့အချိန်ပြည့်ချောင်းနေသည်။

လင်မျိုးနွယ်စုကို တော်ဝင်မိသားစုက ဖိတ်ကြားထားခြင်းဖြစ်သည်။ ထို့ကြောင့်နေရာအများကြီးမရှိပေ။ တယောက် တနေရာ နှစ်နေရာသာရရှိကြသည်။

လင်ကျွင်းယန်သာ မဝင်ခဲ့ရလျှင် ပထမခေါင်းဆောင်ဘက်ကမည်သူမျှရှိတော့မည်မဟုတ်ပေ။ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ဖို့အခွင့်အရေးသည်လည်း မိုင်ထောင်ချီကျန်ခဲ့ပေတော့မည်။

လင်ယီရွှမ် မကျေမနပ်ဖြင့်ပြောလေသည်။

”ခေါင်းဆောင်က ဘာလို့ ကျွင်းယန်ကို အရည်အချင်းမမှီဘူးလို့ပြောရတာလဲ”

ထိုသို့‌သော အခွင့်အရေးသည် အင်မတန်ရခဲလေသည်။အရည်အချင်းပြည့်မှီ၍သာရခြင်းဖြစ်လေသည်။

သူတို့၏တိုက်ရည်ခိုက်ရည် ကြံရည်ဖန်ရည် ကောင်းခဲ့လျှင်နောက်လာမယ့်ခေါင်းဆောင်ရွေးချယ်ရာတွင်အားသာချက်ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ပထမခေါင်းဆောင်နဲ့ သူ့လူများပါဝင်ရမှဖြစ်မည်။ သို့မဟုတ်လျှင်ဒုခေါင်းဆောင်တို့ဘက်အားသာသွားပေလိမ့်မည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now