67

240 12 0
                                    

အခန်း (၆၇) ကျားကို တောင်နှင့်ဝေးရာဆီ မျှားခေါ်ခြင်း.... လေလံအိမ်ကပ်ဆိုက်ခြင်း....

မြောင်ယန်သည် ဝူကျင်းကို လျှင်မြန်စွာ ဖမ်းချုပ်၍  စိတ်စွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုသည် ဝူကျင်းခန္ဓာကိုယ်ထဲမှ သွေးကြောများအားလုံးသည် ရပ်တန့်သွားသကဲ့သို့ပင် ကောက်ကျစ်ရစ်စက်လွန်းလှသည်၊၊ ဝူကျင်းသည် အသက်ဆက်ရှင်မည်ဆိုလျှင်တောင် ရှင်လျှင်နှင့်သေဆုံး​နေသူတစ်ယောက်သဖွယ် ဖြစ်နေတော့မည်သာ....

ထိုလူစုသည် ကောင်းသောလာခြင်းဖြင့် ရောက်လာကြခြင်းမဟုတ်ပေ။ ၎င်းတို့ကို မြောင်ကျင်းမြင်တွေ့ဖူးပါသည်။

“ မင်းတို့က ဘယ်သူတွေလည်း ဒါဘယ်သူ့နယ်မြေလဲဆိုတာ မင်းတို့သိကြလား”

ခေါင်းဆောင်က မြောင်ကျင်းကို မြင်သောအခါ သူသည် အံ့သြသွားလေသည်။ ထိုနောက် အကျယ်ကြီးရယ်လိုက်၍ ပြောလေသည်။

"မြောင်ကျင်း မင်းသေပြီလို့ ငါထင်ခဲ့ တာ လင်မိုရဲ့နောက်လိုက်ခွေးဖြစ်လိမ့်မည်ဟု ငါမထင်ခဲ့ထားခဲ့ဘူး၊၊ အရင်က မင်းလွတ်သွားတာ ကံကောင်းတယ် မှတ် ဒီတစ်ခါတော့ မင်းထပ်ပြီးတော့ ကံမကောင်းနိုင်တော့ဘူး"

မြောင်ကျင်းသည် ထိုအသံကို မမေ့ပေ။ မယုံကြည်စွာဖြင့်ပြောလိုက်သည်။

“အော် မြောင်ယန်....မင်းကိုး”

မြောင်ယန်သည် သူ၏မျက်နှာဖုံးကို ချွတ်လိုက်၍

“ ဟုတ်တယ် ငါပဲ..... မင်းကိုဘယ်သူမှမရှာနိုင်တော့ဘူးလို့ ထင်နေတာ ခုတော့ဒီမှာ ပုန်းနေတယ်ပေါ့”

မြောင်ကျင်းနှင့် လင်မိုတို့အတူရှိနေသည်ကို တွေးမိသောအခါ မြောင်ရန်၏ဒေါသသည် ပို၍ကြီးထွားလာလေသည်။ သူတို့နှစ်ယောက်ကသူ့ကို ပေါင်းပြီးတိုက်ခိုက်နေသည်။

မြောင်ယန် သူတို့နှစ်ယောက်ကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် စုတ်ဖြဲပစ်လိုက်ချင်နေပြီ။

“မင်းတို့နှစ်ယောက်သေကိုသေရမယ်.... မင်းကိုယ်မင်းသနားတယ်ဆိုရင် လင်မို ရဲ့ ရတနာပစ္စည်းတွေ ဘယ်မှာလဲ ငါ့ကိုမြန်မြန်ပြော ဒါဆို မင်းအိုးစားမကွဲပဲ ကောင်းကောင်းမွန် မွန်သေလို့ရတာပေါ့။”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now