52

282 16 0
                                    

အခန်း ၅၂ သိုင်းပညာပြိုင်ပွဲ။ တော်ဝင်မိသားစုထံမှဖိတ်ကြားခြင်း

သို့သော်နေ့တတက်မျှစောင့်စားလိုက်ရလေသည်။ မည်သို့ဆိုစေသူတို့သည်တော်ဝင်မိသားစု၏လေလံအိမ်မှဖြစ်ကြလေသည်။သူထိုင်သည်လည်းမဟုတ်ထသည်လည်းမဟုတ်။ ဦးလေးကျန်းဘာကိစ္စလည်းဆိုတာကိုသူသိချင်သည်။ သို့သော်ထိုသူတို့သည်လင်မိုကိုသာအတင်းတွေ့ချင်နေကြသည်။ လင်မိုလေလံအိမ်သို့ပြန်ရောက်သောအခါ ဝူကျင်းသည်စိုးရိမ်တကြီးဖြင့်စကားကိုတရစပ်ပြောလေတော့သည်။
“သခင်လေးပြန်လာပြီပေါ့။ သခင်လေးကိုခေါ်ဖို့ဟွမ်မိသားစုဆီလွှတ်ရတော့လို့ပါဘဲ”
“ဘာဖြစ်လို့လဲ”
“ဘာကိစ္စလဲတော့မသိဘူး ဒါပေမယ့်သူတို့ကဘာမှမပြောချင်ဘူး။ ကျွန်တော်လည်းဘာမှမေးမရဘူး။
ကိစ္စအကြီးအကျယ်တစုံတရာဖြစ်လိမ့်မည်ဟုလင်မိုထင်လိုက်သည်။ ထို့ကြောင့်သူ့လက်ကိုဝှေ့ရမ်း၍အခြားလူများကိုထွက်သွားခိုင်းလိုက်သည်။
“ကျန်းအရှင်ကိုမကြာကြီးစောင့်ခိုင်းရတာအားနာပါတယ်ဗျာ။”
ဦးလေးကျန်းသည် ဂရုပင်မစိုက်ပေ။ သူ၏မျက်လုံးများသည် တောက်ပနေသည်။ လင်မို၏ကိုယ်ရောင်ကိုယ်ဝါသည် အရင်သူတွေ့တုန်းကထက်ပို၍သန်မာလာသည်ကိုသူသတိထားမိလေသည်။
‘လေလံအိမ်ပိုင်ရှင်ကအလုပ်ရှုပ်နေတာဘဲ။ကြိုတင်အကြောင်းခဲ့ရတာခွင့်လွှတ်ပါဗျာ။ “
နှစ်ယောက်သားအပြန်အလှန်နှုတ်ခွန်းဆက်ပြီးနောက် လင်မိုကပြောလိုက်သည် “ကျန်းအရှင်ဘာကိစ္စလဲဆိုတာသိချင်ပါတယ်ဗျာ”
တော်ဝင်လေလံအိမ်၏အကြီးအမှူးအနေဖြင့်သူသည်ကိစ္စအတော်များလေသည်။ ထို့ကြောင့် လင်မိုဆီသို့အလည်သက်သက်လာခြင်းမဟုတ်ကြောင်းသူတွေးဆသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းအရှင်ကပြုံး၍ပြောလေသည် “အမှန်တကယ်တော့ ထွေထွေထူးထူးတော့မရှိပါဘူး။ တော်ဝင်မိသားစုကကျင်းပတဲ့ကိုယ်ခံပညာပြိုင်ပွဲကိုဖိတ်ကြားချင်လို့ပါဘဲ။ ထိုသို့ပြောပြီးနောက်ဖိတ်စာကဒ်ကိုကမ်းပေးလိုက်လေသည်။ အင်မတန်အဆင့်မြင့်သောရွေရောင်ပုံစံကိုငွေချည်လှိုင်းတို့ဖြင့်အနားကွက်ထားခြင်းအားဖြင့်ကြီးမြတ်သောအရှိန်အဝါကိုဖော်ကျူးနေပေသည်။ ထိုကဒ်မှဝိညာဥ်အစွမ်းတို့သည်တဖျတ်ဖျတ်တောက်နေ၍ တော်ဝင်တံဆိပ်ဖြင့် ခတ်နှိတ်ထားလေသည်။ လင်မိုသည်ဖိတ်စာကဒ်ကိုလက်ခံယူလိုက်သည်။ ထိုဖိတ်စာသည် အင်ပါယာမြို့မှဖြစ်လေသည်။ ထိုပြိုင်ပွဲတွင် နေရာအသီးသီးမှ ပါရမီထူးသောလူငယ်များပါဝင်ပေလိမ့်မည်။ တော်ဝင်မိသားစုသည်ချင်ယန်မြို့ကိုလည်းထိန်းချုပ်ထားလေသည်။ တော်ဝင်လေလံသည် သူတို့၏နားမျက်စိဖြစ်လေသည်။သူတို့သည်နယ်ပယ်အသီးသီးမှအခြေအနေအားလုံးကိုစောင့်ကြည့်နေလေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now