66

240 12 0
                                    

Chapter 66

အိမ်တော်ကို သူတစ်ယာက်တည်း လာရဲသလား?

အမည်းရောင်ဝတ်ရုံဝတ်ဆင်ထားသူသည် လင်မိသားစုဝင်တစ်ယောက်ဖြစ်သောကြောင့် လင်မို ထိုသူကို မြင်လျှင် သိလောက်ပေမည်။ လင်မို ခန့်မှန်းကြည့်ရသလောက်  လင်မိသားစုနှင့် မြောင်မိသားစုတို့ ထဲထဲဝင်ဝင်ပူးပေါင်း ကြံစည်ထားပုံရသည် ။

မြောင်ကျင်းက......

"ရှားပါးအဖိုးတန်ရတနာတစ်ခုခုတွေ့ထာူလို့များ ရုတ်တရက်ကြီး သန်မာလာတာလား...ငါတို့ လုယူလိုက်​လို့ရပါ့မလား...."

"  ဘာတွေဖြစ်လာမလဲတော့ မပြောတတ်ဘူး ....
အကောင်းဘက်ကရော အဆိုးဘက်ကရော တွေးထားရမှာပဲ ။ လင်မို ရုတ်တရက်ကြီး အဆမတန် အစွမ်းထက်နေပုံအရဆို ဒါက အဖိုးတန်ရှားပါးပစ္စည်းတွေ တွေ့ထားတယ်ဆိုတဲ့ အဓိပ္ပါယ် ပဲ ။ အဲ့တာတွေကို ငါတို့ဟာ ဖြစ်အောင်လုပ်ရမှာပေါ့ " ဟု ဝတ်ရုံနက်နှင့်လူက ညစ်ကျယ်ကျယ်ပြောလိုက်သည် ။

တွေးထားသည်က သူတို့အတွက် အရှုံးမရှိပေ ။ သူတို့၏ အဓိကပစ်မှတ်သည် လေလံအိမ်ဖြစ်လေသည် ။ လင်မို ဘယ်သောအခါကမှ မတွေးထားနိုင်သော နေရာ ဖြစ်သည် ။ ကျားကိုတောင်မှဝေးရာသို့ ဆွဲဆောင်သလိုပင် ၊ လင်မိုကိုလည်း လေလံအိမ်မှ အဝေးကို ရောက်နေစေရန်အတွက် မြောင်အိမ်တော်သို့ ဖိတ်ကြားခြင်းဖြစ်သည်။ ထိုမှသာလျှင် လေလံအိမ်အား သူတို့ဓါးပြတိုက်နိုင်မည် ဖြစ်လေသည် ။ ကောင်းမွန်လှသည့် အတွေးအကြံပင်ဖြစ်သည်။

မြောင်ယန်ကမူ သိပ်မသဲကွဲဟန်နှင့်

" ဘာလို့ ကျွန််တော်တို့က နှစ်ဖက်လုံးက မလှုပ်ရှားရတာလဲ ။ လင်မိုကိုလည်း ဒီမှာ ကျန်ခဲ့တဲ့သူတွေက အပြတ်ရှင်း ၊ ကျွန်တော်တို့ကလည်း ဟိုမှာ အိမ်ကိုမြေလှန် .....အဲ့တာ မကောင်းဘူးလား " ဟု မေးလေသည် ။

" အဲ့တာက အဆင်မပြေနိုင်ဘူး ။အရင်တုန်းက ငါတို့ လင််မိုဆီကို လုပ်ကြံရေးသမားတွေ လွှတ်ဖူးတယ် ။ မအောင်မြင်ရုံတင်မကဘူး လင်မိုလက်နဲ့ အသက်ထွက်သွားရတဲ့ သူတွေချည်းပဲ ။ ပြီးတော့ အခု သူ့ရဲ့လက်ရှိကျင့်စဉ်အဆင့်ကိုလည်း ဘယ်သူမှ သေချာသိရတာမဟုတ်ဘူး ..... ။အလကားနေရင်း ပြဿနာ မရှာတာကောင်းမယ် ......" ဟု ဝတ်ရုံနက်နှင့် လူက ပြောလာလေသည် ။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now