Part - 1

7.3K 105 0
                                    

🌺 ဦး မချစ်ခဲ့သော် 🌺

/Part - 1/

ကောင်းကင်တစ်ခုလုံးအမည်းရောင်မိုးတိမ်တွေ
ဖုံးလွှမ်းနေသော ဤညဟာမိသားစုတစ်စုရဲ့
အဆုံးသတ်ညတစ်ညဖြစ်ဖို့နိမိတ်ပြတာများလား။

မည်းမှောင်နေသည့်မိုးတိမ်တွေကြောင့်ဖိုးလမင်းရဲ့
အလင်းရောင်ကကမ္ဘာမြေပေါ်မထိုးဖောက်နိုင်ပဲ
တိမ်တိုက်တွေကြားနစ်မြှုပ်နေလေသည်။

သည်းသည်းမည်းမည်းရွာချတော့မည့်အသွင်ဖြင့်
လူများအားခြောက်လန့်နေသည့်ထိုမိုးက
သွေးစတွေနံရံပေါ်ဆေးခြယ်သလိုဖြစ်သွားချိန်ကြမှ
သဲကြီးမဲကြီးရွာချလေရဲ့။လေတွေကြမ်းမိုးတွေကြမ်းနဲ့
မီးရောင်ကင်းမဲ့နေတဲ့အိမ်ကြီးထဲမှကောင်မလေးတော့
ကြောက်စိတ်တွေ ခန္ဓာကိုယ်အနှံ့ဝင်ရောက်လာ၏။

ထိုအိမ်ကြီးကလမ်းမကြီးဘေး၌ခမ်းခမ်းနားနားကြီး
တည်ရှိနေပြီးအလင်းရောင်ကင်းမဲ့နေသဖြင့်
ကြောက်မက်ဖွယ်ရာသတ္တဝါတစ်ကောင်နဲ့
တူနေသည်။တိတ်ဆိတ်မှုအပြည့်ကြီးစိုးနေသည့်
အိမ်ကြီးထဲ၌သွေးအလိမ်းလိမ်းဖြစ်နေကာ
မြင်ကွင်းတွေကထိတ်လန့်ကြောက်လန့်ဖွယ်ရာအတိ။

ထိုအချိန်တွင် ကောင်မလေးတစ်ယောက်၏ငိုသံက
ကြွေကွဲဝမ်းနည်းစွာထွက်ပေါ်လာသည်။

"ဟင့်...မေမေ...ဖေဖေ....အနွံခေါ်နေတယ်လေ
ပြန်ထူးပါအုံး…ဟင့်....အနွံကိုမထားခဲ့ပါနဲ့
မေမေ....ဖေဖေ....ဟီး...အင့်...ဟင့်...."

ပြတင်းမှတစ်ချက်ချက်ရောက်ရောက်လာတဲ့
လရောင်လေးကြောင့်ဧည့်ခန်းထဲကမြင်ကွင်း
တစ်ချို့အားခပ်ရေးရေးလေးမြင်နေရပြီး
ကြမ်းပြင်ပေါ်လဲကျနေသည့်အမျိုးသားနှင့်
အမျိုးသမီးကို ကောင်မလေးငယ်ဟာ
လှုပ်ခါ၍ခေါ်နေပေမယ့်တစုံတရာတုံ့ပြန်သံ
မကြားရချေ။

မျက်ရည်တွေတလိမ့်လိမ့်ပါးပြင်ပေါ်က
သက်ဆင်းနေကြချိန်တွင် သူမရဲ့လက်တွေက
မိဘနှစ်ပါးရဲ့လက်များအားဆုပ်ကိုင်မိခိုက်
စွတ်စိုစိုအရာတစ်ခုခုကိုသူမထိတွေ့လိုက်ရာ

"ဟင်…ဒါတွေက...ဒါတွေက...."

လက်ထဲမှအရာတွေအားသူမ နှာခေါင်းနား
တိုးကပ်ကြည့်သည့်အခါ

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Where stories live. Discover now