Part - 59

2.9K 44 0
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 59/
**********💔**********

"အူကြူး! အူကြူး!"

ခန္ဓာကိုယ်သေးလေးကိုရင်ဝယ်ထွေးပွေ့ရင်း
လှုပ်ယမ်းကာခေါ်နေပေမယ့် ပြန်ထူးသံ
မကြားရပဲ ချက်ချင်းမှိတ်ကျသွားသည့်
မျက်လုံးလေးတွေကြောင့် ပါးဖောင်းတွေကို
လက်နဲ့အုပ်ကိုင်ရင်းခေါ်ချိန် ကျောပြင်ငယ်လေးအား
ဖက်တွယ်ထားသည့် သူ့လက်တွေတွင်စိုစွတ်တဲ့
အထိအတွေ့တစ်ခုခံစားရသည်။မြန်မြန်လက်ကို
ထုတ်ကြည့်လိုက်တော့ လက်ဖဝါးပြင်ကျယ်ထက်
အကျည်းတန်စွာနေရာယူထားသော သွေးနီတွေ။

ထိုသွေးနီတွေကြောင့် ခြား_မျက်လုံးအိမ်များတွင်
မျက်ရည်စတွေပြည့်လျှံကျလာပြီး အူကြူးကို
ခေါ်ရင်းရင်ခွင်ထဲတင်းတင်းပွေ့ဖက်ထားမိသည်။
ဘာလို့လဲ~~ဘာလို့လဲကွာ ဘာလို့များကိုယ့်အပေါ်
အသက်ပေးရတဲ့အထိ ပေးဆပ်ချစ်ပေးရတာလဲ
ကိုယ့်က အူကြူးအချစ်တွေနဲ့မတန်ပါဘူး
အူကြူးအပေါ် အမှားတွေအများကြီးလုပ်ခဲ့တယ်
နာကျင်ခံစားရအောင်လည်း အကြိမ်ကြိမ်အခါခါ
လုပ်ခဲ့မိတယ်။ဒီလိုတွေလုပ်ခဲ့မိတာတောင် အူကြူးက
ကိုယ့်ကိုဆက်ချစ်ပေးနေတုန်းပဲ။

ကိုယ်က အူကြူးအတွက်အဲ့လောက်ထိ ပေးဆပ်
ချစ်ပေးဖို့မတန်ပါတဲ့သူတစ်ယောက်ပါကွာ။
အူကြူး~~~ရယ် ဘာလို့အဲ့လိုလုပ်ရတာလဲကွာ
ကိုယ့်ကို ဘာကြောင့်ကာကွယ်ပေးရတာလဲ။
အူကြူးနေရာမှာ ကိုယ်ဖြစ်ခဲ့ရမှာ။သေနတ်မှန်လို့
အသက်မရှင်နိုင်သလို အူကြူးမရှိရင်လည်း
ကိုယ်က ရှင်သန်နိုင်မှာမဟုတ်ပါဘူးကွာ။
ကမ္ဘာတစ်ခုလုံး အမှောင်ကျပြိုလဲပျက်စီး၍
အလင်းရောင်တစ်စက်လေးမှ ရှာမတွေ့တဲ့
ခံစားချက်မျိုးကို  သူခံစားနေရသည်။
ဆက်လက်ရှင်သန်ဖို့အင်အားတွေအကုန်
စောနက ခဏလေးမှာတင်ကုန်ခမ်းသွားခဲ့ပါပြီ။

"သူဋ္ဌေးးဆေးရုံကားလာပြီ မမလေးကို
ဆေးရုံအမြန်ပို့ရအောင်"

ကွန်း_အသံကြားမှခြား_သတိပြန်ဝင်လာပြီး
အူကြူးကိုလွှတ်၍ လူနာတွန်းလှည်းပေါ်
တင်ပေးလိုက်၍ဆေးရုံကားပေါ်ကို တက်လာ
ခဲ့သည်။ဆေးရုံကားပေါ်ရောက်တော့ ဆရာဝန်က
လိုအပ်သည်များကိုလုပ်ပေးပြီးနောက်တွင်
အူကြူးလက်သေးသေးလေးကို ဆုပ်ကိုင်ရင်း
ပါးပြင်းပေါ်မျက်ရည်ပူတွေက အဆက်မပြတ်
ကျဆင်းလာခဲ့သည်။ကိုယ့်ဆီကို ပြန်လာခဲ့ပါ
အူကြူးရယ်~~အူကြူးမရှိရင် ကိုယ်ဆက်ပြီး
အသက်ရှင်နိုင်မှာမဟုတ်ဘူး။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora