🌺ဦး မချစ်ခဲ့သော်🌺 /Part- 44/
**********💔**********''ပူတူး"
"ဟင်~~ကိုကို"
ခေါ်သံလေးကြောင့် အနွံ_နှုတ်ခမ်းလေး
ပွင့်အာသွားရပြီးမျက်လုံးဝိုင်းလေးများဖြင့်
ကိုကို့_ကို ကြည့်ရင်းလှေကားရင်းက
ခြေထောက်လေးများဟာ အိမ်အဝင်ဝမှာရပ်၍
ရှိနေသော ကိုကို့ဆီကိုအပြေးလေးသွားမိသည်။
သူမပြောထားတာတွေအကုန်လုံးကို
ကိုကိုကြားသွားပြီလား???အဲ့လိုဆိုရင်တော့
ကိုကို....ကသူမကိုတစ်မျိုးတွေ ထင်တော့မှာပဲ။အတွေးလေးနှင့်အတူ ပါးပြင်ပေါ်က
မျက်ရည်စများဟာ ရပ်တန့်သွားကာ
သွပ်လက်မြန်ဆန်သော ခြေလှမ်းတွေနဲ့
အပြေးလေးသွားနေစဥ် လမ်းတစ်ဝက်
ရောက်သည့်အခါမှာတော့~~~''ဦးစည်းတိမ်ယံခြား!"
ဖြတ်ခနဲ့လှမ်းဆွဲခံလိုက်ရပါသော လက်နဲ့
အသားချင်းထိအောင်ဆွဲကပ်ထားတဲ့
ဦးခြားအား မျက်နှာထားလေးတင်းတင်းဖြင့်
အော်ပြောရင်းလက်ထဲမှအတင်းရုန်းမိသည်။
ဘယ်လိုရုန်းရုန်းမလွတ်တမ်း ပခုံးကို
ဖက်တွယ်ထားသည့် ဦးခြားကြောင့်
အနွံ_စိတ်တိုလာမိသည်။တကယ်ပဲ
ဘာလုပ်ချင်နေတာလဲ?????''အနွံကိုလွှတ်~~~လို့!!"
ခပ်စူးစူးဒေါသသံလေးကြားမှ အဝင်နားက
ဓီဇိုင်းဇက်ကိုဒေါသမျက်လုံးနီနီများဖြင့်
စိုက်ကြည့်နေသော ခြား_သတိပြန်
ဝင်လာကာ သူ့ရင်ခွင်ထဲမှ အတင်း
ရုန်းထွက်နေတဲ့သူမအား ငုံ့ကြည့်မိတော့
စိတ်တိုနေသည့်အမူအရာလေးများနဲ့
သူ့အား ခပ်ချေချေကြည့်နေသည်။ဘာတဲ့~~~ကိုကို့ရဲ့အရာအာလုံးခင်ဗျားထက်
သာတယ်ဆိုပဲ~~~ကြားလိုက်ရသည့်
စကားလုံးတစ်လုံးစီတိုင်းဟာ နှလုံးသားကို
ပိုနာကျင်ရအောင် ဓားနဲ့ဖြည်းဖြည်းလေး
စူးနစ်ထိုးနေသလိုပဲ။နာကျင်မှုကအတိုင်းအဆမဲ့
တခြားသူနဲ့နှိုင်းယှဥ်ပြောခံရတာ များပေမယ့်
ခြား~~ဂရုမစိုက်ပဲ ကိုယ်ကအမြဲသာတယ်ဆိုပြီး
လျစ်လျူရှုထားခဲ့တာ။သူမက နှိုင်းယှဥ်
ပြောကာကျမှ ခံပြင်းလွန်းလို့သွားတွေကိုပင်
ဖိကြိတ်ထားမိတဲ့အထိ ဖြစ်ရသည်။(🤣)
ВЫ ЧИТАЕТЕ
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Любовные романы"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...