Part - 31

2.1K 43 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 31/
***********💔*********

နေမင်းဟာဤနေ့တွင်ပိုမိုပူပြနေပြီး
အုံ့ဆိုင်းဖို့အစီအစဥ်မရှိလောက်အောင်
တိမ်ရောင်များကင်းစင်ဝေးကွာနေ၏။
ဘယ်အငြိုးတွေကြောင့်ဒီလောက်ထိ
ပူပြနေမှန်းမသိသော်လည်း /စည်း အိမ်တော်/မှ
လူများရဲ့ရင်ထဲကို အပူမီးကိုအံတုနိုင်စွမ်းမရှိ။

တမြေ့မြေ့ရင်ထဲမှာ လောင်ကျွမ်းနေသော
အပူမီးလျှံတွေကြောင့်နေလောင်ထားတဲ့
ပန်းသဖွယ် မျက်နှာများဟာ ငြိုးရော်၍
နွမ်းဖတ်နေသည်။မိသားစုဝင်အားလုံးနဲ့
ရှေ့နေကြီးများဟာ ဧည့်ခန်းအတွင်း၌
စုရုံးနေပေမယ့်လည်း တိတ်ဆိတ်နေတာက
စိတ်ထဲတစ်မျိုးကြီးခံစားနေရသည်။

ဘယ်လိုမှမျှော်လင့်မထားခဲ့ပါသော
အခြေအနေကြောင့် ဝမ်းနည်းကြေကွဲရုံမက
အားကိုးခိုလုံရာရင်ခွင်က ရုတ်တရက်ကြီး
ပျောက်ဆုံးသွားတာမို့ နှလုံးသားတွေဟာ
အားအင်ကင်းမဲ့ကာ စိတ်အစဥ်မှာလည်း
ယူကျုံးမရဖြစ်နေကြရသည်။ထိုအထဲမှာ
ဒေါ်စိန်စီခြယ် ကတော့ခံစားနာကျင်ရဆုံးပေါ့

ခင်ပွန်းကို သေချာဂရုမစိုက်ပဲအမြဲတမ်း
ရန်ပွဲခင်းနေခဲ့တဲ့ သူမ။ခင်ပွန်းသည်၏
ကျန်းမာရေးကိုလုံးဝအလေးမထားခဲ့
မျက်စိရှေ့မှာတက်တက်ကြွကြွနဲ့
နေကောင်းနေတဲ့သူက လျှပ်တပြက်ကြီး
သေဆုံးသွားသည်တဲ့လား။အခုထိ
လက်မခံနိုင်ပဲဖြစ်နေမိတယ်~~~

''ဦးစည်းယံက သူပိုင်ဆိုင်သမျှအားလုံးကို
သမီး~အနွံတာကူး အားလွှဲပြောင်း
ပေးခဲ့ပါတယ် ခင်ဗျာ။''

''ဘယ်လို~~ ရှေ့နေကြီး။အနွံတာကူးကို
အားလုံးလွှဲပေးခဲ့တာလား ကျွန်မသားနဲ့
သမီးအတွက်ကရော ဘယ်မှာလဲ
သူတို့က စည်း မိသားစုရဲ့ဆက်ခံသူတွေ။
ဦးစည်းယံ ရဲ့သားသမီးရင်းချာတွေ။
သွေးသားရင်းကိုမပေးပဲဘာမှမတော်စပ်တဲ့
အနွံတာကူးကို အားလုံးလွှဲပေးခဲ့တယ်ဆိုတာ
ဖြစ်သင့်ရဲ့လား။''

ဒေါ်စိန်စီခြယ် မိသားစုရှေ့နေကြီးဖြစ်တဲ့
ဦးနေရောင် စကားကြောင့်စိတ်တိုစွာနဲ့
ပြောလိုက်သည်။ရှင် ဘာတွေလျှောက်လုပ်
ထားခဲ့ပြန်တာလဲ ဦးစည်းယံ။ဘာလို့
ကျွန်မကတစ်ခုမှမသိခဲ့ရတာလဲ ရှင်က
တကယ်ပဲတဇွတ်ထိုးတဇောက်ကန်းနိုင်တဲ့
သူဆိုတာ အခုမှကျွန်မ နားလည်သွားတယ်။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Donde viven las historias. Descúbrelo ahora