🌺ဦး မချစ်ခဲ့သော်🌺/Part - 15/
***********💔**********''ဟင်~~~ကိုကို"
လုံးဝမမျှော်လင့်ထားတဲ့လူကိုတွေ့ရသဖြင့်
အနွံ_နှုတ်ခမ်းပါးလေးများဟာအံ့သြမှုကြောင့်
ပွင့်အာနေပြီးဝိုင်းစက်စက်မျက်လုံးတွေက
ပိုမိုပြူးကျယ်လျက်ပေါ့။မယုံကြည်ခြင်းများစွာနဲ့ရှေ့ရောက်လာသည့်
ကိုကို့_အားဘာတစ်ခွန်းမှမပြောနိုင်အောင်
ဆွံအနေမိတော့သည်။ကိုကို_ကအမေရိကားမှာ
ဆေးကျောင်းတက်နေတာမဟုတ်ဘူးလား?ဘယ်တုန်းကပြန်ရောက်လာတာလဲ??
''ကိုကို့ပူတူးလေး နေကောင်းရဲ့လားဗျ"
ဓီ_ဆိုဖာပေါ်မှာထိုင်နေရင်းကသူ့ကို
မေ့မေ့မောမောငေးကြည့်နေသောပူတူးကြောင့်
ခေါင်းလေးကိုတစ်ချက်လှမ်းပုတ်လိုက်ပြီး"ဘာတွေအဲ့လောက်ငေးနေတာလဲ ပူတူးရဲ့
ကိုယ် အရမ်းချောနေလို့လား?"ရယ်သွေးလွှမ်းကာပြောလာသော
ကိုကို့စကားကြောင့် အနွံ_မျက်နှာလေး
ပြုံးရိပ်သန်းလာသည်။ကိုကို့အား
စူးစူးစိုက်စိုက်ကြည့်ရင်းအညိုရောင်
တင်းပြည့်ပြည့်နှုတ်ခမ်းကိုအချိုးကျစွာ
ပြုံးနေပုံက ညှို့ငင်အားပြင်းသည့်
အပြုံးကိုတွေ့ရသည်။ထိုအပြုံးကို
အနွံ_မမြင်ခဲ့ရတာ၂နှစ်ကျော်နေပြီလေအရမ်းပျော်လွန်းလို့မျက်ရည်တွေပင်
ဝဲလာမိသည်။"ပူတူးလေး~~နေမကောင်းဘူးလား ကိုကို့_ကိုပြော"
ဓီဇိုင်းဇက်_တစ်ယောက် သူ့ကိုမြင်ပြီးနောက်
မျက်ရည်တွေကျလာသည့်ပူတူးကြောင့်
စိုးရိမ်ပူပန်စွာမေးရင်းဆရာဝန်ပီပီ လက်က
နဖူးပေါ်အော်တိုရောက်သွားသည်။"ကိုယ်လည်းမပူပါဘူး ပူတူးရယ်။ဘာလို့
ငိုရတာလဲ~~ကိုကို ပြန်လာလို့ငိုတာလား ဟင်"အမြဲတည်တံ့မှုတွေအပြည့်ရှိနေတတ်သည့်
ကိုကို့_မျက်လုံးတွေကအခုကျစိုးရိမ်မှုတွေ
ဖုံးလွှမ်းနေတာမို့ မျက်ရည်တွေကျနေတဲ့ကြားက
ကျေနပ်စွာပြုံးမိတော့သည်။"မငိုနဲ့လေ ကလေးလေးရယ်။ကလေးလေးက
ငိုနေတော့ကိုကို_ကဘယ်စိတ်ကောင်းမှာလဲ
မငိုနဲ့တော့နော် ဟုတ်ပြီလား ကိုကို့ပူတူးက
လိမ္မာပါတယ်ကွာ~~~~"
ESTÁS LEYENDO
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...