Part - 33

2.1K 45 2
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 33/
***********💔*********

''အဲ့ဒါကဘာဖြစ်နေကြတာလဲ ဟမ်!!"

''ဟင်~ဦးခြား"

တင်းမာခက်ထန်ပြီးကျယ်လောင်စူးရှစွာ
ထွက်ပေါ်လာသော ဦးခြား အသံကြောင့်
အနွံ_အထိတ်ထိတ်အလန့်လန့်နဲ့နောက်ကို
မြန်မြန်လှည့်ကြည့်လိုက်ရာ ကြယ်သီးတွင်
ငြိနေသည့်ဆံပင်ကြောင့်ဦးရေပြားက
ဆတ်ခနဲနာကျင်သွားရပြီးမျက်နှာလေး
ရှုံ့မဲ့သွား၏။

နာသွားသည့်ခေါင်းနေရာလေးကိုလက်နဲ့
အသာဖိရင်းဆိုင်အဝင်ဝမှာ သူမအား
မျက်မှောင်ကြီးကြုံ့၍ခါးထောက်ကာ
တင်းတင်းမာမာမျက်နှာထားကြီးနဲ့
ကြည့်နေပါသော ဦးခြားကြောင့်
အနွံ_စိတ်ထဲကြောက်ရွံ့လာမိသည်။
သူမ ဘာအမှားလုပ်ထားလို့လဲ???

''လာခဲ့~~အိမ်ပြန်မယ်!"

ပြောလဲပြောအနားသို့ရောက်လာ၍
သူမလက်ကိုဆွဲကာခြေလှမ်းကျဲများဖြင့်
သွားနေတဲ့ဦးခြားရဲ့နောက်ကို
အနွံ_ယောင်နနနဲ့ပါသွားချိန်မှာ
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင်
ကျန်ရှိနေသေးသော လက်တစ်ဖက်က
ဖမ်းဆွဲခံလိုက်ရသည်။

''ခင်ဗျားမှာ ကူးကူးကိုဒီလိုလုပ်ပိုင်ခွင့်
ရှိလို့လား!"

ပူတူး လက်အား ခပ်မြန်မြန်ဆွဲရင်း
တင်းမာခက်ထန်စွာမေးလိုက်သော်လည်း
အဖြေတစ်စုံတစ်ရာမကြားရသည့်အပြင်
ဆက်သွားနေတဲ့သူ့ကြောင့် ပူတူးရဲ့လက်
နာနေမည်စိုးသဖြင့် မြန်မြန်ဆန်ဆန်ပင်
ဓီ_လွှတ်ပေးလိုက်သည်။အလျှော့ပေးတာ
မဟုတ်ပါဘူး~~ပူတူးအတွက်ပါ

''ဦးစည်းတိမ်ယံခြား!! အနွံ_ကိုလွှတ်
ရှင့်မှာ အနွံကိုဒီလိုချုပ်ချယ်ပိုင်ခွင့်မရှိဘူး
လွှတ်လို့ပြောနေတယ်!!"

သူမလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လို့
ရှေ့ဆက်သွားနေတဲ့ဦးခြားအား စိတ်တိုစွာနဲ့
အနွံ_ပြန်ပြောရင်းလက်ကိုအတင်းရုန်းပေမယ့်
မရသဖြင့် ကျန်နေခဲ့သည့်ကိုကို့ ကိုသာ
မျက်နှာငယ်လေးနဲ့နောက်ပြန်လှည့်ကြည့်တော့

''ညကျ dinnerလိုက်ကျွေးမယ် ပူတူး။
အဆင်သင့်ပြင်ထားနော် ကိုကိုလာခေါ်မယ်"

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Hikayelerin yaşadığı yer. Şimdi keşfedin