Part - 39

2.2K 47 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 39/
***********💔*********

အချိန်က နေ့လည်၅နာရီတိတိ။
ကြီးမားခမ်းနားသော အိမ်တော်ထဲ၌ဧည့်ခန်းတွင်
ခန့်ငြားတည်ကြည်စွာနဲ့တစ်ခုခုကိုစောင့်စားနေတဲ့
ခြား။ဘေးနားတွင်လည်း မမနဲ့ကွန်းက
စားပွဲပေါ်ကဖုန်းအလာကို သူ့လိုပင်
မျက်ခြေမပြတ်စောင့်ကြည့်နေ၏။အခုဆို
သူမပျောက်သွားတာ ၄နာရီကျော်နေပြီမို့
အရမ်းစိတ်ပူနေမိတယ်

JAYက ၂နာရီအတွင်းစုံစမ်းပေးမယ်ပြောလို့
ဖုန်းဆက်အလာကိုစောင့်နေခြင်းပင်။
နာရီကိုတကြည့်ကြည့်နဲ့မျက်နှာက
တည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့
မုန်တိုင်းထန်နေလေပြီ။အမှောင်လောကမှာ
ကျင်လည်နေတဲ့ JAY။သူမသတင်းကို
မရတော့ဘူးလား???ဟာကွာ
စိတ်ပျက်၊စိတ်တိုစွာနဲ့ထိုင်နေရာမှထပြီး
အပြင်ဘက်ဆီကိုလှမ်းကြည့်မိသည်။

မင်း___ဘယ်ရောက်နေရတာလဲကွာ။
စိတ်ထဲတွင် ရေရွတ်ညဥ်းတွားနေချိန်

"တီ......တီ......"

"ဟင်"

ဖုန်းသံကြောင့် ဧည့်ခန်းအတွင်းမှလူတွေရဲ့
ငြိုးရော်နေတဲ့မျက်နှာတွေဟာ တခဏချင်း
ရွှင်လန်းတောက်ပလာတယ်။ထိုအထဲမှာ
ခြား_ကတော့အရွင်လန်းဆုံးပေါ့။
ပျော်ရွှင်စွာနဲ့ဖုန်းကို ချက်ချင်းကိုင်လိုက်ရာ

"ဟယ်လို....JAY"

"…………………"

''ကောင်းပြီ~~~ငါအခုချက်ချင်း လာခဲ့မယ်
ကျေးဇူးပါကွာ နောက်မှပဲကျေးဇူးပြန်ဆပ်မယ်"

"…………"

JAYပြောသည့် တည်နေရာကိုသိရတာနဲ့
ကားသော့ဆွဲကာ ထွက်ဖို့ပြင်ခိုက်တွင်

"ကူးကူးကို သေချာဂရုစိုက်ပေးပါ ​မောင်လေး"

ညှိုးကျနွမ်းလျနေသော မျက်နှာလေးနဲ့
ခြားရဲ့လက်ကို ဆုပ်ကိုင်လို့မျက်ရည်တွေ
ပြည့်ဝိုင်းနေသည့် မျက်ဝန်းများဖြင့်
ဆိုလာပါသော မမရဲ့လက်ကိုပြန်ဆုပ်ကိုင်ရင်း

"မမ စိတ်ချပါ။သူမကို အကောင်းဆုံး
ဂရုစိုက်ပေးမှာပါ"ဟု ပြောရင်းကွန်းကိုခေါ်၍
ထွက်လာခဲ့သည်။ခဏကြာတာနဲ့ ကားက
လမ်းမပေါ် အရှိန်မြန်လွန်းစွာဖြင့်
မောင်းထွက်သွားတော့သည်။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Onde histórias criam vida. Descubra agora