Part - 20

2.2K 44 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part- 20/
**********💔**********

''Wow"

အနွံ_လှည့်လိုက်သည်နဲ့နဖူးကဦးခြားနှုတ်ခမ်းနဲ့
ထိမိသွားကာနမ်းသလိုဖြစ်သွားတာကြောင့်
အံ့သြကြည်နူးသလိုမျိုးအော်ကျပြီး
အသံတွေဆူညံပွက်လောရိုက်သွား၏။
တဖြည်းဖြည်းနဲ့သူတို့အနားတွင်လူတွေ
ပိုအုံဝိုင်းလာသဖြင့်အနွံ_လူအုပ်ကြားထဲ
အတင်းတိုးဝှေ့၍သွားရမှာကိုတွေးပြီး
ခေါင်းကုတ်မိသည်။

''ချောလိုက်တာ ကိုးရီးယားမင်းသားကျနေတာပဲ"

''ဟုတ်ပါ့~~~အရပ်ကလည်းအရှည်ကြီး
ဟီးးး.....သူ့နဲ့ချစ်သူဖြစ်တဲ့ကောင်မလေးကတော့
အရမ်းကံကောင်းမှာပဲ"

''ငါသာဖြစ်လိုက်ချင်တယ်"

မိန်းကလေးတွေ၏တီးတိုးစကားများကြောင့်
အနွံ_နှာခေါင်းရှုံ့မိပြန်တယ်။
နင်တို့အသေကြွေနေတဲ့အဲ့လူကြီးက
ပိုင်ရှင်ကြီးနဲ့~~~ပြစ်မှားနေကြတယ်
တော်ကြာသူ့ကောင်မလေးသိပြီးကျောင်းထိ
လာဝုန်းမှာကိုတောမတွေးကြဘူး~~~

''မင်း အတန်းသွားမတက်တော့ဘူးလား"

ပါးစပ်ကလှုပ်ရှုံမျှလှုပ်ရင်းပြောနေသည့်
အနွံ_နောက်ဖက်ကဦးခြားအသံကြောင့်
လန့်သွားရပြီးခေါင်းလေးစောင်း၍
နောက်ပြန်ကြည့်ပြီးမျက်စောင်းထိုးမိသည်။
သူ မသွားပဲနဲ့ဒီလူအုပ်ကဘယ်လိုကွဲထွက်မှာလဲ
မပြောလိုက်ချင်ဘူး~~~~ဟင်းးးးး

''ခင်ဗျားကြီးအရင်သွားမှ အနွံ_က
သွားလို့ရမှာပေါ့ ကျောင်းသူတွေက
ခင်ဗျားကိုကြည့်နေကြတာမမြင်ဘူးလား"

''အော်"

ခြား_စကားတစ်ခွန်းတည်းပြောပြီး
ကားပေါ်ပြန်တက်ပြီးမောင်းထွက်လာခဲ့သည်။
ကားပေါ်ရောက်ကာကျမှကုမ္ပဏီက
မိန်းကလေးမန်နေဂျာအားအကျီ
သွားဝယ်ဖို့ခိုင်းလိုက်ရ၏။
ဒီငတိမ ဒုက္ခပေးပြန်ပြီ။လေပူများအား
မှုတ်ထုတ်လိုက်ရင်းကုမ္ပဏီကိုလာခဲ့သည်။

ဦးခြားထွက်သွားပြီးနောက်ကုတ်အကျီကို
သေချာဝတ်ရင်းအနွံ_ခေါင်းကုတ်၍
ကျန်ခဲ့ကာအတန်းတက်ဖို့စာသင်ခန်းဆီ
သွားရန်လှည့်လိုက်တာနဲ့

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Where stories live. Discover now