Part - 52

3.1K 55 1
                                    

🌺ဦး မချစ်ခဲ့သော်🌺 /Part- 52/
**********💔**********

''အူကြူး"

"ဟင်~''

ကျောဖက်ဆီမှ တမူထူးခြားသည့်နာမည်လေးနဲ့
ခေါ်သံကြောင့်နောက်ကို မြန်မြန်လှည့်ကြည့်လိုက်ရာ
တံခါးဘောင်ကိုမှီ၍ မတ်တပ်ရပ်နေသော
တစ်ယောက်သောသူကို တွေ့လိုက်ရသဖြင့်
ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်းတွေဟာ
တိခနဲရပ်တန့်သွား၏။အံ့သြကြည်နူးမူတွေနဲ့
မျက်ရည်တွေကိုသုတ်ပြီးခပ်မြန်မြန်ထကာ

"ဦးခြား!"

သာယာကြည်လင်သောအသံချိူလေးနဲ့
နာမည်ကိုခေါ်ရင်း ရင်ခွင်ထဲအသင့်ဝင်ရန်
ကမ်းပေးထားသည့်လက်နှစ်ဖက်ကြား
ပြေးဝင်ရင်း တင်းနေအောင်ဖက်ထား
လိုက်ကာ ရင်ဘတ်ပေါ်မျက်နှာအပ်၍
ငိုကြွေးမိတော့သည်။

"ဟင့်......ဟင့်...မကောင်းတဲ့လူကြီး"

ဖက်ထားတာကိုခွာကာသူ့ကျောပြင်ကို
လက်ကလေးနှစ်ဖက်နဲ့တဘုန်းဘုန်းထုရိုက်၍
ငိုရှိုက်သံနဲ့ပြောလာသည့် သူမလေးကို
ရင်ခွင်ကျယ်ကြီးထဲနစ်မြှုပ်နေအောင်
တင်းတင်းဖက်ရင်းခေါင်းကိုဖိကိုင်
ထားလိုက်သည်။အရမ်းလွမ်းနေခဲ့တာ
ဒီကလေးပေါက်လေးကို~~ကိုယ့်ဆီ
ပြန်လာပေးတဲ့အတွက် ကျေးဇူးပါ
အူကြူးလေးရယ်။နောက်ထပ်ဘယ်တော့မှ
အူကြူးကို အဆုံးရှုံးမခံတော့ဘူး။

နှာခေါင်းနားကဆံနွယ်စလေးတွေအား
နမ်းရှိုက်ရင်းသူမလေးကို ဖက်ထားတာကနေခွာ၍
မျက်နှာဝိုင်းလေးကိုကြည့်လိုက်တော့
ရဲတွက်နေသည့် ပါးပြင်လေးတွေနဲ့
နီရဲနေတဲ့နှာခေါင်းလုံးလုံးလေးတွေကြောင့်
စိတ်ပူစွာဖြင့် ပါးပြင်လေးကိုလက်နဲ့အုပ်ကိုင်ရင်း

"ဘာလို့တအားငိုထားရတာလဲကွာ။ကြည့်အုံး
ပါးနုနုလေးတွေကအနီရောင်ပြောင်းတော့မယ်
အဆိုးမလေးပဲ"

"အဲ့တာခင်ဗျားကြောင့်လေ"

သူမမျက်လုံးတွေအားစူးစိုက်ကြည့်ကာ
ပြောလာသည့်ဦးခြားကို စိတ်တိုစွာဖြင့်
ပြောရင်း မျက်ရည်တွေထပ်ပြီး
ကျလာမိသည်။သူမ အရမ်းကိုစိတ်ပူနေခဲ့တာ
ဟင့်......ဟင့်......ဒေါသထွက်ချင်ပေမယ့်
မထွက်နိုင်ပဲ ဦးခြားကိုပြန်တွေ့ရလို့ရင်ထဲမှာ
ပျော်မဆုံးဖြစ်နေမိ၏။တဟင့်ဟင့်နဲ့
ရင်ခွင်ကျယ်ကြီးထဲ ခေါင်းလေးတို့ဝှေ့လို့
လက်ကလေးနှစ်ဖက်နဲ့ တင်းကျပ်နေအောင်
ဖက်ထားမိသည်။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Onde histórias criam vida. Descubra agora