🌺ဦး မချစ်ခဲ့သော်🌺/Part- 32/
***********💔***********ဤနေ့ရက်များသည် | စည်းအိမ်တော်|တွင်
ထူးခြားသည့်နေ့ရက်ကလေးလို့ပင်
ဆိုနိုင်သည်။အိမ်တော်၏သခင်လေးနဲ့
သခင်ကြီး၏မွေးစားသမီးရဲ့မနက်ခါမှာ
ကျင်းပတော့မည့်မဂ်လာပွဲအတွက်~~
အားလုံးကတက်ညီလက်ညီနဲ့စီစဥ်
လုပ်ကိုင်နေကြပေမယ့် သတို့သမီးလောင်း
ကတော့အခန်းတွင်းမှာတမှိုင်မှိုင်နဲ့
ငူငိုင်ငိုင်လေးရှိနေလေ၏။အခန်းပြတင်းပေါက်နားမှာမေးကို
ထောက်၍ခြံဝန်းထဲမှာပြင်ဆင်နေကြသော
အလုပ်သမားများစွာကိုကြည့်ရင်း
အနွံ_စိတ်အစဥ်မှာမပျော်နိုင်ပေ။
မတတ်သာလို့လက်ထပ်ရမယ့်
ဒီအခြေအနေကြီးကိုသူမ မလိုချင်ဘူး။
ဖြစ်နိုင်ရင် ဒီအိမ်တော်ကလူတွေနဲ့
အဝေးဆုံးကိုပြေးထွက်သွားချင်တယ်ထွက်သွားချင်တယ် ဆိုတဲ့စိတ်ကလေးက
အခုအချိန်မှာချောင်ကပ်မြိုသိပ်ထားရ၏။
အမွေတွေကိုမမက်ပေမယ့် ဒီအမွေတွေက
ဒယ်ဒီ သွေးနဲ့ချွေးနဲ့ရင်းပြီးလုပ်ထားခဲ့တာကြောင့်
အဆုံးရှုံးမခံနိုင်တာမို့ စီစဥ်သမျှအားလုံးကို
ခေါင်းငြိမ့်လက်ခံရင်းဖြစ်လာမည့်အရာတွေအား
လက်ခံနိုင်အောင် ကြိုးစားနေမိသည်။ခြံဝန်းကြီးတစ်ခုလုံးအဖြူရောင်တွေချည်း
ပြည့်နက်နေတာကိုကြည့်ပြီးသက်ပြင်းလေး
ခပ်ယဲ့ယဲ့ချမိပြန်တယ်။အဖြူရောင်ဆိုတာ
သန့်ရှင်းစင်ကြယ်တဲ့ချစ်ခြင်းတရားကို
ကိုယ်စားပြုတာတဲ့။အနွံအတွက်တော့
အဲ့လိုမဟုတ်ပဲ အမုန်းတွေသာရခဲ့တာလားဟူးးးးးဦးခြားရယ် အနွံကိုအရမ်း
မုန်းနေပြီလား အနွံကြောင့် ဦးခြားချစ်တဲ့သူနဲ့
ဝေးရတာဆိုပြီးရင်ထဲမှာအမုန်းပန်းတွေ
စတင်ပွင့်လန်းနေပြီလား။တကယ်တမ်းဆို
အနွံ_ပျော်နေသင့်တာ ကိုယ်ချစ်တဲ့သူကို
ပိုင်ဆိုင်ရလို့။ဒါမယ့် သူမ မပျော်နိုင်ဘူး
လူကိုပိုင်ဆိုင်ရပေမယ့်နှလုံးသားက
သူမအတွက်မှမဟုတ်တာကို သိနေခဲ့ပြီလေ။
ဘာတတ်နိုင်တော့မှာလည်း။''အနွံတာကူး''
''ဟင်~ဦးခြား"
အတွေးတွေနဲ့အတူ လွင့်မြောနေစဥ်တွင်
ကျောဖက်ဆီမှ ဦးခြား၏ခေါ်သံကြောင့်
အနွံ_သတိပြန်ဝင်လာကာ ကပျာကယာနဲ့
လှည့်ကြည့်မိတော့ အခန်းအဝင်ဝမှာ
ရပ်နေသည့်ဦးခြားကိုတွေ့ရတာမို့
BINABASA MO ANG
🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)
Romance"ဦးခြားအတွက်အနွံက အရေးမပါဘူး ဆိုတာသိနေပေမယ့် ဦးခြားအပေါ်ထားတဲ့ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ခဲ့တာအနွံ... အပြစ်တွေပါ.....ဦးခြားကို နှစ်နှစ်ကာကာ ချစ်မိနေလို့ အနားနားမှာနေခွင့်ရချင်တယ်.. ဒါမယ့်အချိန်အတိုင်းတာတစ်ခုထိပဲ အနွံ_ဦးခြား အနားမှာနေမှာပါ။အ...