Part - 12

2.1K 41 0
                                    

🌺ဦး မချစ်ခဲ့သော်🌺/Part - 12/
***********💔***********

"ခင်ဗျား!!အနွံ_ကိုရန်လာမစနဲ့နော်"

သွားပြီဆိုသွားပြီပြောတာမဟုတ်ပဲသူမကို
ခလုတ်တိုက်ပြောဆိုနေတဲ့သူ့ကြောင့်
ဒေါသတွေကတခဏချင်းမှာထိုးတက်လာပြီး
စိတ်တိုစွာဖြင့်အော်ပြောပစ်လိုက်သည်။
သူမစကားကို ဂရုမစိုက်ပဲမထီသလိုကြည့်၍
လှည့်ထွက်သွားသော ထိုလူ့ကိုကြည့်ပြီး
ဒေါသတွေဆွေ့ဆွေ့ခုန်ကာကျန်နေခဲ့ရတဲ့သူမ။

ထိန်းမရတားဆီမရဖြစ်နေသည့်ဒေါသများနဲ့
မွေ့ရာအားတဘုန်းဘုန်းရိုက်ထုရင်းနှုတ်ခမ်းအား
ပေါက်လုမတတ်ကိုက်ထားမိသည်။

ခင်ဗျားကြီးကိုမကျေနပ်ဘူး!!တွေ့မယ်..
အနွံ_ခြေထောက်ကောင်းလာလို့ကတော့
ခင်ဗျားကြီးကို တစ်နေ့တစ်မျိုးမရိုးရအောင်
ဒုက္ခပေးပစ်မယ်...စောင့်ကြည့်နေလိုက်။

အချိန်တော်ကြာထိတစ်ကိုယ်တည်းကြုံးဝါး
ရေရွတ်ရင်းစောနကစဥ်းစားထားတဲ့
ကိစ္စကိုတောင်သူမ မေ့သွားခဲ့သည်။အဲ့ဒါက

"ဟာ...သွားပြီ...သူ့ကိုဘာမှမဝယ်ခိုင်းပဲ
ပိုက်ဆံတောင်းမလို့ဟာကို..."

ကျောလယ်လောက်ရှိသည့်ပျော့အိအိ
ဆံနွယ်များကိုလက်ဖြင့်ထိုးဖွရင်း ဟင်းခနဲ
သက်ပြင်းချ၍ဟိုလူကြီးကိုကျိန်ဆဲနေမိသည်။
တွေးလေလေစိတ်တိုရလေဖြစ်နေရတာကြောင့်နောက်ဆုံး၌အတွေးတွေကိုဖျောက်ကာ
လဲလျောင်းလိုက်တော့တယ်။

အားလုံးကိုမေ့ဖျောက်ပြီးစိတ်အေးချမ်းသာစွာ
အိပ်စက်ဖို့ပြင်ပေမယ့်မျက်ဝန်းတွေမှိတ်ချတိုင်း
ပေါ်ပေါ်လာသည့် ပုံရိပ်တစ်ခုကြောင့်အိပ်နေရာမှ
ဖြတ်ခနဲထထိုင်လိုက်သည်။အတွေးထဲနဲ့
ဦးနှောက်ထဲမှာနေရာအပြည့်ယူထားသည့် သူ။
ဘာရယ်ကြောင့်များ ခင်ဗျားကြီးအကြောင်းကို
အနွံ_ကအမြဲတမ်းတွေးနေမိရတာလဲဗျာ။

ခင်ဗျားကြီးကလူရောဟုတ်ရဲ့လား?ဒါမှမဟုတ်
လူတွေကိုပြုစားတတ်တဲ့ပညာများတတ်ထားသလား

သူမ တွေးနေမိတာက ဦးခြား။စတွေ့ခဲ့ကတည်းက
ဒေါသထွက်ခဲ့ရတာတွေ ဂရုစိုက်ပေးခဲ့တာတွေဟာ
ခေါင်းထဲတစ်စထက်တစ်စပိုပိုကြီးစိုးလာသည်။
ဟူးးးးဒီညအိပ်ရောအိပ်ရပါ့အုံးမလား။
_
_
_
အချိန်က မနက်၈နာရီတိတိ။နေရောင်က
ကမ္ဘာမြေပေါ်သို့ အစွမ်းကုန်အလင်းရောင်တွေ
မျှဝေပေးနေတော့ပူနေလိုက်တာများ
ကျောကွဲမတတ်။မနက်ခင်းကလှပနေတယ်
တေးငှက်သံတွေကသာယာကြည်နူးဖွယ်
ကောင်းပေမယ့်အနွံအတွက်တော့
အဲ့အသံတွေကအနှောင့်အယှက်တစ်ခုပင်။

🌺 ဦး မချစ်ခဲ့သော် 🌺 (Completed)Место, где живут истории. Откройте их для себя